“ဖားကန့် - အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ” ဆိုသည့် ကလေးမြို့ ပင်မ သပိတ်စစ်ကြောင်း

အောက်တိုဘာလ ၂၉ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ရက်ပေါင်း ၆၃၀ မြောက်အဖြစ် အောက်တိုဘာလ ၂၉ရက်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

“ဖားကန့် - အနန့်ပါအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ” စာတန်းကိုင်စွဲပြီး လေကြောင်းပစ်ခတ်မှုတွင် ကျဆုံခဲ့ရသော ပြည်သူ ၊ အနုပညာရှင်၊ တော်လှန်ရေး ရဲဘော်များနှင့် အတူရပ်တည်ကြောင်းပြသခဲ့ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် ငြိမ်သက်အလေးပြုခဲ့ကြသည်။

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက် ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ဆန့်ကျင်ကန့်ကွက်သပိတ်မှောက်နေကြခြင်း ဖြစ်သည်။

(ပုံသတင်း)

စာတည်း - သန့်ဇော် (သန်လျင်)