"မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်" ဟု ဆိုလာသည့် ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ၅၃၇ ရက်မြောက် ချီတက်ဆန္ဒပြ

အောက်တိုဘာလ ၂၈ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် အခက်အခဲ အကျပ်အတည်းများကြားမှ ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ၅၃၇ ရက်မြောက်နေ့အဖြစ် ဆက်လက်ချီတက် ဆန္ဒပြသည်။

သပိတ်စစ်ကြောင်းသည် "မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်" စာသားပါဘန်နာနှင့် "Accept NUG and Our Ambassador, Reject Dictator" စာသားပါ ဘန်နာတို့ကို ကိုင်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် သပိတ် မှောက်ခဲ့ကြသည်။

စာတည်း။ ။မောင်ကောင်း