ဆားလင်းကြီးမြို့နယ်တွင် ဖားကန့်-အနန့်ပါဒေသနှင့်အတူရှိကြောင်း ဆန္ဒထုတ်ဖော်

အောက်တိုဘာလ ၂၈ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဈေးတစ်ဈေးတွင် စစ်ကောင်စီတပ်က လေ ကြောင်းမှ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါဒေသတွင် တိုက်ခိုက်ခံရသော ပြည်သူများနှင့် အတူရှိ ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အောက်တိုဘာလ ၂၈ ရက် ယနေ့တွင် ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံသပိတ်ကော်မတီမှ ဦးဆောင်၍လူ ထုသပိတ်ပြုလုပ်ရာ ဈေးသူဈေးသားများနှင့် ဈေးဝယ်လာသူများပူးပေါင်းပါဝင်၍ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းက ကျဆုံးသွားသူများအတွက်ဝမ်းနည်းခြင်းနှင့် ပြည်သူများသွေးစည်းညီညွတ် ကြောင်းပြသရန် တစ်နိုင်ငံလုံးပြုလုပ်မည့် ယနေ့ည ၈ နာရီ ၃၀ မိနစ်မှ စတင်ပြီး ၁၀ မိနစ်တိတိ အမှောင် ချပြီးဆန္ဒထုတ်ဖော်သည့်အစီအစဉ်၌ ပါဝင်ပေးကြရန် တိုက်တွန်းခဲ့ကြသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ