“ထကြွတော်လှန် ကျောင်းသားထု အားမာန်” ကလေးမြို့ ပင်မသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

အောက်တိုဘာလ ၂၂ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၆၂၃ ရက်မြောက်အဖြစ် အောက်တိုဘာလ ၂၂ ရက်တွင် ချီတက်ဆန္ဒပြကြသည်။

“ထကြွတော်လှန် ကျောင်းသားထု အားမာန်”စာတမ်းကိုင်စွဲပြီး ကလေးမြို့ပင်မသပိတ် စစ်ကြောင်းသည် ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ နှင့်အတူ ဒေသအတွင်းရှိ တော်လှန်သော ကျောင်းသားလူငယ်များနှင့်ပူးပေါင်းကာ စစ်အာဏာရှင်အမြစ်ပြတ်ရေး ၊ ပညာရေးသပိတ်တိုက်ပွဲ ဆက်လက် အားကောင်းလာ စေရန် သပိတ်တရားများ ဟောပြောခဲ့ပြီး ကျောင်းသား အဓိဌာန် ပြုခြင်းအစီအစဉ်များ ပြုလုပ်ခဲ့ကြသည်။

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက် ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ဆန့်ကျင်ကန့်ကွက်သပိတ်မှောက်နေကြခြင်း ဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး