ယင်းမာပင်မြို့နယ် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ၅၂၈ ရက်မြောက် ချီတက်ဆန္ဒပြ

အောက်တိုဘာလ ၁၉ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် “သွေးမအေးတဲ့ ရွှေနွယ်သွေး” စာသားပါဘန်နာကိုင်စွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။

“သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း”သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၂၈ ရက် မြောက်နေ့အဖြစ် ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ချီတက်သပိတ်မှောက်ကြခြင်းဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ