“ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူကိုသာအလေးအမြတ်ပြုကြ” ကျေးရွာပေါင်းစုံ သပိတ်

အောက်တိုဘာလ ၁၄ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာ များစုပေါင်း၍ ယနေ့ အောက်တိုဘာ ၁၄ ရက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ ကြ သည်။

လူထုသပိတ်စစ်ကြောင်းသည် “ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူကိုသာ အလေးအမြတ်ပြုကြ” စာတမ်းနှင့် “Accept NUG & Our ambassador, Reject Dictator” ဟူသော စာတမ်းများကိုင်စွဲပြီး NUG နှင့် သံအမတ်ကြီးဦးကျော်မိုးထွန်းအား ထောက်ခံပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၁၄ ရက် ယနေ့ပြုလုပ်ခဲ့သောဆန္ဒပြပွဲသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ ၅၈၂ ရက် မြောက်နေ့ဖြစ်ကြောင်းလည်းသိရသည်။

ဆာလင်းကြီးမြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်း သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ စောဖေ