ပြည်သူ့စစ်သင်တန်းတတ်ရန် လူသစ်စုဆောင်းရာတွင် ဒလန်နှင့် ပျူစောထီးများ စာရင်းသွင်းသူများပြားနေ၍ မဲနှိုက်ရ

ပြည်သူ့စစ်သင်တန်းတတ်ရန် လူသစ်စုဆောင်းရာတွင် ဒလန်နှင့် ပျူစောထီးများ စာရင်းသွင်းသူများပြားနေ၍ မဲနှိုက်ရ

ပဲခူးမြို့ရှိ ရပ်ကွက်များတွင် စစ်ကောင်စီမှ ပြည်သူ့စစ်သင်တန်းတတ်ရောက်ရန် စာရင်းကောက်ယူရာတွင် စာရင်းပေးသူများပြားခြင်းကြောင့် မဲနှိုက်ပြီး စာရင်းသွင်းနေရကြောင်းသိရသည်။

ပြည်သူ့စစ်သင်တန်းတတ်ရောက်ရန် အများဆုံးစာရင်းပေးသွင်းသည့် ရပ်ကွက်များမှာ ဥဿာမြို့သစ်ရပ်ကွက်( ၄၊၅)နှင့် ဖောင်တော်ဦး ရပ်ကွက်တို့ ဖြစ်ကြောင်းသိရသည်။ 

“အဲဒီရပ်ကွက်က ဒလန်တွေအများဆုံးနေတာ ပျုစောထီးအဖွဲ့ဝင်တွေရှိတယ်ဗျ။ သာမန်ပြည်သူတွေတတ်ဖို့မပြောနဲ့။ သူတို့တွေနဲ့ကို လူများလို့ မဲနှိုက် နေရတာ” ဟု မြို့ခံတဦးကပြောသည်။ 

ရပ်ကွက် အချို့တွင်လဲ အုပ်ချုပ်ရေးမှူးများမှ အိမ်ထောင်စုဇယားများ ပြုလုပ် ခိုင်းနေပြီး မိတ္တူများတောင်းယူနေသည့်အပြင် လူငယ်ယောင်္ကျား လေးများ စာရင်းများကိုလည်း လိုက်လံကောက်ယူနေကြောင်းသိရသည်။ 

“ရပ်ကွက်၈/၉၊ဖောင်တော်ဦးရပ်ကွက်တွေမှာ အိမ်ထောင်စုဇယားတွေ လုပ်ခိုင်းနေတယ်။ မိတ္တူကိုလဲ တောင်းတယ်ဗျ။ နောက်ပြီး ရပ်ကွက်ထဲက အိမ်တွေမှာ လူငယ်ကောင်လေးတွေရဲ့စာရင်းလိုက်ကောက်နေတယ်။ ရပ်ကွက်ထဲက လူတွေက ပြည်သူ့စစ်ထဲကို အတင်းထည့်မှာ ကြောက်နေကျတယ်”ဟု ဖောင်တော်ဦးရပ်ကွက်နေ ပြည်သူတဦးကပြောသည်။ 

ရပ်ကွက်တခုလျှင် ပြည်သူ့စစ်သင်တန်းတတ်ရောက်ရန် အနည်းဆုံး၁၀ဦးမှ အယောက်၄၀အထိ စစ်ကောင်စီမှ တောင်းခံနေပြီး နေအိမ်များရှိ အမျိုးသားများ သင်တန်းမတက်ရောက်နိုင်ပါက ငွေကျပ်၁,၅၀၀ မှ၂,၀၀၀အထိပေးဆောင် ရကြောင်းသိရသည်။ 

“ဘယ်ပြည်သူမှ မတတ်ဘူး။ တကယ်တတ်မှာက ဒလန်နဲ့ ပျူစောထီးအဖွဲ့ တွေပဲဗျ ။အခုပိုက်ဆံကောက်တာကလဲ သင်တန်းစရိတ်အတွက် အဲဒါကို ကျနော်တို့ကပေးရမယ်ဆိုတာတော့ လက်မခံနိုင်ဘူး။ သူတို့က ပြည်သူတွေကို ပြန်သတ်မှာလေ”ဟု ၂ ရပ်ကွက်မှ ပြည်သူတစ်ဦးကပြောသည်။ 

ပြည်သူ့စစ်သင်တန်းကို ပဲခူးမြို့အခြေစိုက် တပ်မ (၇၇)တွင် တတ်ရောက် ရမည်ဖြစ်သည်။ သင်တန်းကာလ ၁၀ရက်သတ်မှတ်ထားပြီး လစာအ‌နေဖြင့် တစ်လ ကျပ် ၁၅၀,၀၀၀ပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ရှေ့တန်းသို့ ပို့ဆောင်မည်ဟု တပ်နှင့် နီးစပ်သူများထံက သိရပြီး မဇ္ဇျိမသတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ချင်းမရှိသေးပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly