အမေရိကန် အချုပ်ခန်းမှာ သေဆုံးတဲ့ ဂွါတီမာလာက ခုနစ်နှစ် သမီးလေးကို နာရေးချ

အမေရိကန် အချုပ်ခန်းမှာ သေဆုံးတဲ့ ဂွါတီမာလာက ခုနစ်နှစ် သမီးလေးကို နာရေးချ

ဂွါတီမာလာစီးတီး၊ ဒီဇင်ဘာ ၂၆ ။       ။ ဖခင်ဖြစ်သူနဲ့အတူ တရားမဝင် နယ်စပ်ဖြတ်ကျော်တာကြောင့် အမေရိကန်ရဲ့ အချုပ်ခန်းအတွင်း ဖမ်းဆီးခံထားရချိန်မှာ သေဆုံးခဲ့တဲ့ ခုနစ်သမီးလေးရဲ့ ရုပ်အလောင်းဟာ အဖြူရောင်ခေါင်းတလားနဲ့အတူ နေရပ် ဂွါတီမာလာနိုင်ငံဆီ တနင်္ဂနွေနေ့မှာ ပြန်လည်ရောက်ရှိပြီး ဒီကနေ့မှာတော့ မိသားစုတွေနဲ့ ရပ်ကွက်နေပြည်သူတွေက ကလေးမလေးရဲ့ ရုပ်အလောင်းကို နာရေးချကြပါတယ်။

 

ဂွါတီမာလာမြောက်ပိုင်း အစွန်းအဖျားက တိုင်းရင်းမျိုးနွယ်စုဒေသမှာ ကလေးမလေးအတွက် ဝမ်းနည်းပူဆွေးမှုကို ခရစ္စမတ်အကြိုနေ့မှာ ပြုလုပ်ပေးခဲ့ကြပါတယ်။

 

ဂွါတီမာလာစီးတီးကနေ ဆန်အန်တိုနီယိုစီကော်တက်ဇ်အရပ်ဆီ ကလေးမလေးရဲ့ ရုပ်အလောင်းကို သယ်ဆောင်ရောက်ရှိတာဖြစ်ပြီး ရိုုးရာဓလေ့ထုံးစံအတိုင်း ဝတ်ပြုဆုတောာင်းမှုတွေ၊ တေးချင်း သီကျူးမှုတွေကို ပြုလုပ်ပေးကြပါတယ်။

 

အသက် ၂၉ နှစ်အရွယ် ဖခင်ဖြစ်သူက အမေရိကန်မှာ အလုပ်အကိုင်ရရှိမယ် မျှော်လင့်ချက်နဲ့ သမီးဖြစ်သူ ဂျာကီလင်းကဲလ်ကိုပါ အတူခေါ်ပြီး ကီလိုမီတာ ၃၀၀၀ ကျော်ထက်မနည်း ခရီးနှင်လို့ အမေရိကန်ဆီ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

 

သူတို့ သားအဖနှစ်ဦးဟာ အမေရိကန်ရဲ့ နယ်ခြားကင်းလှည့်တပ်စခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံရရပြီး ၂၄ နာရီအတွင်းမှာ ကလေးမလေး ဂျာကီလင်းဟာ ရေဓာတ်ခန်းခြောက်မှု ဖြစ်တာကြောင့် တက္ကဆက်က ဆေးရုံမှာ ဒီဇင်ဘာ ၈ ရက်မှာ သေဆုံးခဲ့ရတာဖြစ်တယ်လို့ အမေရိကန်ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။

 

ဂျာကီလင်းရဲ့ ရုပ်အလောင်းကို ဂွါတီမာလာစီးတီးမြို့မှာ ဂွါတီမာလာနိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကိုယ်တိုင် ဆီးကြိုယူဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာ ကလေးမလေးရဲ့ မွေးရပ်မြေကို ပြန်လည်ပို့ဆောင်ပေးခဲ့တာပါ။

 

ခုလို ကလေးမလေး သေဆုံးမှုကြောင့် အမေရိကန်ရဲ့ ရွှေ့ပြောင်းသူများဆိုင်ရာ ပေါ်လစီနဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေအပေါ် ပြုမူဆက်ဆံပုံတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးငြင်းခုံမှုတွေ တစ်ကျော့ပြန် ပြင်းထန်လို့ ရပါတယ်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required