ကိုလ်ကတ္တားမြို့က ကမ္ဘာမှာ လေထုညစ်ညမ်းမှု အဆိုးဆုံးမြို့ ဖြစ်နေ

ကိုလ်ကတ္တားမြို့က ကမ္ဘာမှာ လေထုညစ်ညမ်းမှု အဆိုးဆုံးမြို့ ဖြစ်နေ
Photos: EPA

ကိုလ်ကတ္တား၊ ဒီဇင်ဘာ ၁၀ ။          ။ အိန္ဒိယ အရှေ့မြောက်ပိုင်း ကိုလ်ကတ္တားမြို့က တက်ကြွလှုပ်ရှားသူတွေဟာ မြို့ရဲ့ လေထုညစ်ညမ်းမှု ဆိုးဝါးအဆင့်ကို ပိုမိုသိရှိ သတိပြုလာကြဖို့အတွက် တနင်္ဂနွေနေ့မှာ ကမ်ပိန်းတစ်ရပ် ပြုလုပ်ခဲ့ကြပါတယ်။

ကိုလ်ကတ္တားမြို့ဟာ ကမ္ဘာပေါ်က မြို့ကြီးတွေမှာ အဆိုးဝါးဆုံး လေထုညစ်ညမ်းရာ မြို့အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ဆိုထားပါတယ်။

ကျန်းမာတဲ့ အသက်ရှုသွင်းမှု အခွင့်အရေးကို သရုပ်ပြသတဲ့ အနေနဲ့ ကိုလ်ကတ္တား သန့်စင်သောလေထုအသင်းနဲ့ အခြားဒေသတွင်း အဖွဲ့အစည်းတွေဟာ ပန်းခြံတစ်ခုမှာ နှာခေါင်းစည်းတွေ စည်းပြီး ကာယလေ့ကျင့်ခန်းလုပ်ကြတာကို မြင်တွေ့ရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ကိုလ်ကတ္တားမြို့ရဲ့ လေထုညစ်ညမ်းမှုဟာဆိုရင် WHO က သတ်မှတ်ထားတဲ့ လက်ခံနိုင်တဲ့အဆင့်ထက် ရှစ်ဆကျော်လွန်နေပြီး လေထုအတွင်း အမှုန့်အမွှား ပါဝင်မှုဟာ PM2.5 အထိ ရှိနေခဲ့ပါတယ်။

ဒီ PM2.5 အဆင့်ရဲ့ အဆုတ်ကို ဒုက္ခပေးနိုင်မှုက တစ်နေ့ကို စီးကရက် ၂၂ လိပ် သောက်ရှုတဲ့ ပမာဏနဲ့ ညီမျှကြောင်း Times of India က သတင်းဖော်ပြထားပါတယ်။

ချီကာဂိုတက္ကသိုလ်က Energy Policy Institute ရဲ့ မကြာသေးခင်က ထုတ်ပြန်ထားတဲ့ အညွှန်းကိန်းမှာတော့ အိန္ဒိယနိုင်ငံဟာ အိမ်နီးချင်း နီပေါပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယမြောက် အဆိုးဝါးဆုံး လေထုညစ်ညမ်းတဲ့ နိုင်ငံဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required