ဗီယက်နမ် ဓားစာခံနှစ်ဦးကို ဖိလစ်ပိုင်စစ်သွေးကြွများ ခေါင်းဖြတ်သတ်

ဗီယက်နမ် ဓားစာခံနှစ်ဦးကို ဖိလစ်ပိုင်စစ်သွေးကြွများ ခေါင်းဖြတ်သတ်

ဇူလိုင် ၅ ။                 ။ နိုင်ငံတောင်ပိုင်းမှာ အစ္စလမ္မစ် စစ်သွေးကြွတွေက ဗီယက်နမ် ဓားစာခံနှစ်ယောက်ကို ခေါင်းဖြတ် သတ်ဖြတ်ပစ်လိုက်ကြောင်း ဖိလစ်ပိုင်စစ်တပ်က ဇူလိုင်လ ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ခေါင်းဖြတ်ခံခဲ့ရတဲ့ ဓားစာခံနှစ်ဦးဟာ လွန်ခဲ့တဲ့ ရှစ်လလောက်က ဖမ်းဆီးခံခဲ့ရပြီး ဓားစာခံထိန်းသိမ်းခံထားရတဲ့ ဗီယက်နမ် သင်္ဘောသားတွေဖြစ်ကြတယ်လို့လည်း သိရပါတယ်။

ယနေ့ ဇူလိုင် ၅ ရက်မှာ နာမည်ဆိုးထွက်နေတဲ့ အဘူဆေယက်ဖ် စစ်သွေးကြွအဖွဲ့ ခြေကုပ်ယူရာ ဘာစီလန်ကျွန်းပေါ်မှာ အဆိုပါ ဓားစာခံနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေက ရှာတွေ့ခဲ့တယ်လို့ စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဂျိုအန်း ပတ်တင်းလေးက ပြောပါတယ်။

" ဒါ အဘူဆေယက်ဖ် အဖွဲ့ရဲ့ လက်ချက်ပါ၊ သူတို့က လူတွေကို ပြန်ပေးဆွဲ ငွေညစ်တယ်၊ ခုဆို သူတို့တောင်းတဲ့ငွေလည်း မရတော့ ခုလိုရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာပါ" လို့ ၎င်းက ဆိုပါတယ်။

ဖိလစ်ပိုင်မှာ လှုပ်ရှားနေတဲ့ အဘူဆေယက်ဖ် စစ်သွေးကြွအဖွဲ့ဆိုတာကတော့ အိုစမာဘင်လာဒင်ရဲ့ အယ်လ်ကေးဒါ အဖွဲ့ဆီကနေ ငွေကြေးအထောက်အပံ့နဲ့အတူ ၁၉၉၀ ပြည့်နှစ်မှာ ထူထောင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ဂိုဏ်းတစ်ခုဖြစ်ပြီး ယခုအခါ အဖွဲ့ခွဲတွေအဖြစ် ကွဲထွက်ထားခဲ့ပြီး အဖွဲ့တစ်ချို့ဟာ ယခုအချိန်ထိ ပြန်ပေးဆွဲ၊ ဓားပြတိုက်မှုတွေမှာ ပါဝင်ကျူးလွန်နေဆဲဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required