ဟောင်ကောင်တွင် အစိုးရ၏ သယ်ယူပို့ဆောင်ရေးအစီအစဉ်သစ်ကို မကျေနပ်၍ ရာနှင့်ချီသော တက္ကဆီဒရိုင်ဘာများ ဆန္ဒပြ

ဟောင်ကောင်တွင် အစိုးရ၏ သယ်ယူပို့ဆောင်ရေးအစီအစဉ်သစ်ကို မကျေနပ်၍ ရာနှင့်ချီသော တက္ကဆီဒရိုင်ဘာများ ဆန္ဒပြ

မတ် ၁၇  ။           ။ ဟောင်ကောင်အစိုးရ၏ ပို့ဆောင်ရေး အစီအစဉ်သစ်တစ်ခုနှင့်ပတ်သက်၍ ကျေနပ်မှုမရှိကြသော ဟောင်ကောင်တက္ကဆီဒရိုင်ဘာ ၃၀၀ ကျော်တို့ မတ်လ ၁၇ ရက်က အစိုးရရုံးများရှေ့၌ ကားများပိတ်ဆို့ရပ်တန့်ကာ ဆန္ဒပြခဲ့ကြသည်။

မတ်လ ၁၇ ရက်နံနက်ပိုင်းက တက္ကဆီသမား ၃၀၀ ကျော်တို့သည် ဟောင်ကောင်ဥပဒေပြုကောင်စီရှေ့တွင် ရောက်ရှိနေကြပြီး အစိုးရက အဆိုပြုထားသော အစီအစဉ်သစ်ကို ပြန်လည်ဖျက်သိမ်းပေးရေး တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

အလားတူ ယင်းနေ့ နေ့လည်ပိုင်းတွင်လည်း အစိုးရရုံးချုပ်ပြင်ပတွင် တက္ကဆီ စီးရေ ၅၀ ခန့် ဂိတ်ထိုးပိတ်ဆို့ရပ်တန့်ထားခဲ့သလို အခြား ကားစီးရေ ၃၀ ခန့်မှာလည်း အနီးအနားရှိ Citic Tower အနီး ရပ်တန့်ထားခဲ့ကြသည်။ အလားတူ တက္ကဆီကားစီးရေ ၂၅၀ ခန့်သည်လည်း ဟောင်ကောင်စာတိုက်ရုံးနှင့် မျက်နှာချင်းဆိုင် လမ်းမတစ်လျှောက် စီတန်းရပ်နားကာ ဆန္ဒပြခဲ့ကြသည်။

အဆိုပါ အထူးအုပ်ချုပ်ခွင့်ရ ဒေသတွင် အစိုးရက သယ်ယူပို့ဆောင်ရေးအစီအစဉ်သစ်တစ်ခုကို အဆိုပြုထားပြီး ယင်းအစီအစဉ်တွင် နောက်ထပ် တက္ကဆီစီးရေ ၆၀၀ ထပ်တိုး ပြေးဆွဲမည့်အစီအစဉ် ပါ၀င်မည်ဖြစ်သည်။ ယင်းအစီအစဉ်အရ နောက်တိုးအငှားယာဉ်များတွင် ၀န်ဆောင်မှုပိုင်း အဆင့်မြှင့်တင်ထားမည်ဖြစ်ကာ ယာဉ်စီးခကိုလည်း ၅၀ ရာခိုင်နှုန်း တိုးမြင့်ကောက်ခံမည်ဖြစ်သည်။

သို့ရာတွင် အစိုးရ၏ ယင်းအစီအစဉ်သစ်ကြောင့် လယ်ရှိ ရှိရင်းစွဲ အငှားယာဉ်လုပ်ငန်းပိုင်းကို လာရောက်ထိခိုက်နိုင်မည့်အပေါ် စိုးရိမ်ကာ လက်ရှိ ပြေးဆွဲနေသော တက္ကဆီသမားများက အစိုးရအပေါ် ၀ိုင်းဝန်းဆန္ဒပြနေခဲ့ကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required