အမေရိကန်ဒါရိုက်တာ အစည်းအရုံးမှ ချီးမြင့်သောဆုအား La La Land ဒါရိုက်တာ ချက်ဇဲလ်ရရှိခဲ့

အမေရိကန်ဒါရိုက်တာ အစည်းအရုံးမှ ချီးမြင့်သောဆုအား La La Land ဒါရိုက်တာ ချက်ဇဲလ်ရရှိခဲ့

ဂီတဇာတ်မြူးရုပ်ရှင်ကား La La Land ၏ ဒါရိုက်တာဒေမီယန်ချက်ဇဲလ်သည် ယခုလအတွင်း အော်စကာဆုပေးပွဲ မတိုင်ခင်ကျင်းပသော အမေရိကန်ဒါရိုက်တာ အစည်းအရုံးမှပေးအပ်သည့် ဆုပေးပွဲ DGA ၌ အကောင်းဆုံးဒါရိုက် တာဆုကို ဆွတ်ခူးနိုင်ခဲ့ပါသည်။

အသက်၃၂နှစ်အရွယ်ရှိ ဒါရိုက်တာဒေမီယန်ချက်ဇဲလ်နှင့် အခြားဒါရိုက်တာများသည် အဆိုပါဆုပေးပွဲ၌ မိန့်ခွန်း ပြောကြားစဉ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ခရီးသွားလာခွင့်ပိတ်ပင်မှု အမိန့်အပေါ် ဝေဖန်ခဲ့ကြသည်။

မစ္စတာချက်ဇဲလ်သည် အီရန်လူမျိုးဒါရိုက်တာဖြစ်သူ အက်စ်ဂါဖာဟာဒီအား ချီးမွမ်းဂုဏ်ပြုခဲ့ပြီး ဖာဟာဒီသည် ယခုလတွင်ကျင်းပမည့် အော်စကာဆုပေးပွဲအား တက်ရောက်မည် မဟုတ်ဘဲ ရုပ်ရှင်ဖန်တီးသူများအား ကြဉ်ထား ခြင်းသည် အနုပညာကိုဆန့်ကျင်ခြင်းဖြစ်သည်ဟု ပြောခဲ့ကြောင်း သိရသည်။

ချက်ဇဲလ်က “The Salesman ဇာတ်ကားဖြင့် အော်စကာဆုအတွက် လျာထားခံရသော မစ္စတာဖာဟာဒီသည် ကျနော်တို့အစိုးရက မှာထားတဲ့အတိုင်း စကားလက်ဆုံပြောဆိုခြင်း မပြုလုပ်သင့်သော နိုင်ငံမှ လာသောသူတစ် ယောက်ဖြစ်ပါတယ်” ဟုပြောခဲ့သည်။

အီရန်နိုင်ငံသည်ထရမ့်၏ အထူးအမိန့်အရ ခရီးသွားလာခွင့် ပိတ်ပင်ခြင်းခံထားရသော မွတ်စလင်အများစုနေထိုင် ရာ ၇နိုင်ငံထဲမှ နိုင်ငံတစ်ခု ဖြစ်ပါသည်။

La La Land ဇာတ်ကားသည် ပြီးခဲ့သောလက ကျင်းပခဲ့သည့် ရွှေကမ္ဘာလုံးဆုပေးပွဲ၌လည်း ဆုများစံချိန်တင်ရရှိ ခဲ့ကာ စုစုပေါင်း ၇ဆုတိတိကို ဆွတ်ခူးနိုင်ခဲ့သောကြောင့် အော်စကာဆုပေးပွဲတွင်လည်း   အောင်ပွဲခံနိုင်မည်ဟု တစ်ပြေးနေသော ဇာတ်ကားတစ်ကား ဖြစ်ပါသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required