ဆီးရီးယားအစိုးရတပ်နှင့် သူပုန်များကြား တစ်နိုင်ငံလုံး အပစ်ရပ်ရေး စတင်အသက်ဝင်

ဆီးရီးယားအစိုးရတပ်နှင့် သူပုန်များကြား တစ်နိုင်ငံလုံး အပစ်ရပ်ရေး စတင်အသက်ဝင်

ဒမတ်စကပ်၊ ဒီဇင်ဘာ ၃၀ ။            ။ ဆီးရီးယားအစိုးရတပ်နှင့် သူပုန်များကြား တစ်နိုင်ငံလုံး အပစ်ရပ်ရေးက စတင်အသက်ဝင်ပြီဖြစ်သည်။ အပစ်ရပ်ရေးသဘောတူညီမှုက ညလယ် (ဂရင်းနစ်စံတော်ချိန် ၂၂ နာရီ) တွင် စတင်ခြင်းဖြစ်ကာ ရုရှနှင့် တူရကီ၏ အာမခံဖျန်ဖြေမှုဖြင့် ရရှိခြင်းဖြစ်သည်။

အပစ်ရပ်သဘောတူညီမှုတွင် သူပုန်အုပ်စုများစွာ အကျုံးဝင်သည်ဖြစ်သော်လည်း အိုင်အက်စ်နှင့် ကာ့ဒ် YPG အဖွဲ့ကဲ့သို့ ဂျီဟတ်ဝါဒီအဖွဲ့များ ပါ၀င်ခြင်း မရှိပေ။

ဒီဇင်ဘာ ၂၉ ရက်ကစပြီး နယ်မြေအများစုတွင် အပစ်ရပ်နေခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းစဉ် ရှေ့ဆက်ဖော်ဆောင်နိုင်မည်ဆိုပါက တစ်လအတွင်း ကာဇက်စတန်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို   ပြုလုပ်မည်ဖြစ်သည်။

အပစ်ရပ်ပြီး ပထမနာရီပိုင်းများအတွင်း နေရာတော်တော်များများတွင် ငြိမ်သက်လျက်ရှိကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။ သို့သော် ဟာမားပြည်နယ်တွင် အစိုးရတပ်နှင့် သူပုန်များကြား တိုက်ပွဲများဖြစ်သည်ဟု သတင်းများ ကြားရသည်။

၂၀၁၁ မတ်လမှ စတင်သည့် သမ္မတ ဘာရှာအာဆတ်အား ပုန်ကန်မှုများမှ တိုက်ပွဲများအတွင်း လူပေါင်း သုံးသိန်း အနည်းဆုံး သေဆုံးသည်ဟု ခန့်မှန်းထားသည်။

လူ လေးသန်းကျော်ထက်မနည်းလည်း အိမ်နီးချင််းနိုင်ငံများ၊ ဥရောပနိုင်ငံများသို့ ဒုက္ခသည်အဖြစ် ခိုလှုံရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required