တူရကီ ဘောလုံးကွင်းအနီး ဗုံးပေါက်ကွဲမှုမှ သေဆုံးသူ ၄၄ ဦးအထိ မြင့်တက်လာ

တူရကီ ဘောလုံးကွင်းအနီး ဗုံးပေါက်ကွဲမှုမှ သေဆုံးသူ ၄၄ ဦးအထိ မြင့်တက်လာ

အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၁၂ ။              ။ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့အတွင်း ဘောလုံးကွင်းတစ်ကွင်းအနီး ဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေသည် ၄၄ ဦးအထိ မြင့်တက်ရောက်ရှိလာကြောင်း ကျန်းမာရေးဝန်ကြီး ရီစက်အက်ဒက်က ဒီဇင်ဘာ ၁၂ရက်က ပြောသည်။

ပေါက်ကွဲမှုမှာ Besiktas ဘောလုံးကွင်းအပြင်ဖက်တွင် ကားဗုံး ပထမပေါက်ကွဲပြီး မိနစ်အနည်းငယ်အတွင်း အနီးရှိ ပန်းခြံက ရဲတပ်ဖွဲ့အုပ်စုတစ်စုအနီး အသေခံဗုံးခွဲသမားက ကိုယ်ကိုကို
ဖောက်ခွဲလိုက်ခြင်းဖြစ်သည်။

“တကယ်နာကျင်ကြေကွဲစရာပါ။ ရဲအင်အား ၃၆ ဦးနဲ့ အရပ်သား ရှစ်ဦး သေဆုံးရပါတယ်။”ဟု ရီစက်အက်ဒက်က လွှတ်တော်တွင် ပြောဆိုသည်။

ဒဏ်ရာရသူ ၁၆၆ ဦးရှိခဲ့သည့် အဆိုပါ ပေါက်ကွဲမှု နှစ်ရပ်အား တရားမဝင်ကြေညာခံထားရသည့် ကာဒစ္စတန်အလုပ်သမားပါတီ၏ အစွန်းရောက်အဖွဲ့ခွဲဖြစ်သော ကာဒစ္စတန်လွတ်မြောက်ရေးအဖွဲ့ TAK က ၎င်းတို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း အတည်ပြုပြောသည်။

တူရကီနိုင်ငံသည် ယခုနှစ်အတွင်း တိုက်ခိုက်မှုများစွာ ရင်ဆိုင်ကြံုတွေ့ပြီး ကာ့ဒ်စစ်သွေးကြွများနှင့် အိုင်အက်စ်တို့၏ လက်ချက်များဖြစ်သည်ဟု အပြစ်ဆိုထားသည်။

TAK အုပ်စုက ယခုနှစ်အတွင်း အဓိကတိုက်ခိုက်မှု သုံးရပ် လုပ်ဆောင်ခဲ့ကြောင်း အတည်ပြုပြောဆိုသည်။ ၎င်းတိုက်ခိုက်မှုများအနက် နှစ်ခုမှာ အန်ကာရာတွင်ဖြစ်ပြီး စုစုပေါင်း လူ ၆၂ သေဆုံးကာ ကျန်တိုက်ခိုက်မှုတစ်ရပ်မှာ အစ္စတန်ဘူလ်တွင်ဖြစ်ကာ လူ ဆယ့်တစ်ဦး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required