UNFC ညီလာခံ ဒီဇင်ဘာလ လယ်တွင် ကျင်းပမည်

UNFC ညီလာခံ ဒီဇင်ဘာလ လယ်တွင် ကျင်းပမည်

ချင်းမိုင်၊ နိုဝင်ဘာလ ၂၈ ။           ။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ညီလာခံကို လာမည့် ဒီဇင်ဘာလလယ်တွင် ကျင်းပနိုင်ရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နိုဝင်ဘာလ ၂၈ ရက်နှင့် ၂၉ရက်တို့တွင် UNFC ဗဟိုအလုပ်အမှုဆောင် ကော် မတီ၏ တိုးချဲ့အစည်းအဝေးကို ကျင်းပနေကြောင်း သိရသည်။

UNFC  ညီလာခံကို မူလက  သြဂုတ်လတွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပခဲ့သဖြင့် ဒီ ဇင်ဘာလသို့ ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

ညီလာခံတွင် တအာင်း(ပလောင်) ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF)နှင့် ကိုးကန့် တပ်ဖွဲ့နှစ်ဖွဲ့က တပ်ပေါင်းစုမှ နုတ် ထွက်ရန် စာတင်ထားမှုအပေါ် ဆုံးဖြတ်ကြမည် ဖြစ်ကြောင်း သိရသည်။

UNFC ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ တိုးချဲ့အစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာ  ချုပ် (NCA) လက်မှတ်မထိုးသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ရ ဖွဲ့မှ ကိုယ်စားလှယ် ၂၀ ခန့် တက် ရောက်ဆွေးနွေးလျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required