Billboard အယ်လ်ဘမ်ဇယား ထိပ်ဆုံးကို ရောက်ရှိလာတဲ့ နာမည်ကျော် Metallica အဖွဲ့ရဲ့ အယ်လ်ဘမ်သစ်

Billboard အယ်လ်ဘမ်ဇယား ထိပ်ဆုံးကို ရောက်ရှိလာတဲ့ နာမည်ကျော် Metallica အဖွဲ့ရဲ့ အယ်လ်ဘမ်သစ်

နာမည်ကျော် ဟဲဗီးရော့ခ်ဂီတအဖွဲ့Metallica ရဲ့အယ်လ်ဘမ်အသစ်ဟာ R&B အဆိုတော် Bruno Mars နဲ့ ကျေးလက်အဆိုတော် Miranda Lambertတို့ရဲ့ အယ်လ်ဘမ်တွေကိုကျော်ဖြတ်ပြီး US Billboard အယ်လ်ဘမ် ဇယား ရဲ့ထိပ်ဆုံးနေရာကိုပြီးခဲ့တဲ့ တနင်္လာနေ့ကရောက်ရှိလာခဲ့ပါတယ်။

Metallica အဖွဲ့ရဲ့ဆယ်ခုမြောက်အယ်လ်ဘမ်သစ် “ Hardwired…to Self_Destruct” ဟာ အချပ်ရေပေါင်း ၂၈၂,၀၀၀ ၊ သီချင်းပေါင်း ၃၄,၀၀၀ ကျော်ရောင်းချထားရပြီး အွန်လိုင်းမှနားဆင်မှု အကြိမ်ရေ ဟာလည်း ၉.၃သန်းကျော်ရရှိထားပြီးဖြစ်ကြောင်း Nielsen SoundScan ရဲ့အဆိုအရ သိရပါတယ်။

Bruno Mars ရဲ့ အယ်လ်ဘမ်သစ် “24k Magic”ဟာတော့ ပွဲဦးထွက်မှာ အယ်လ်ဘမ်အချပ်ရေ ၂၃၁,၀၀၀ ရောင်းချထားရပြီး Miranda Lambert ရဲ့အခွေသစ် “ Weight of These Wings” ဟာတော့ အယ်လ်ဘမ် အချပ်ရေ ၁၃၃,၀၀၀ ရောင်းချထားရကာ အယ်လ်ဘမ်ဇယားမှာ ဒုတိယနှင့် တတိယနေရာအသီးသီးတို့၌ ရပ်တည်နေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required