မဂ္ဂါ၀ပ် ၃၀အောက် ဓာတ်အားပေး စက်ရုံများ ဧရာဝတီတိုင်းအတွင်း ဆောက်ရန် စီစဉ်နေ

မဂ္ဂါ၀ပ် ၃၀အောက် ဓာတ်အားပေး စက်ရုံများ ဧရာဝတီတိုင်းအတွင်း ဆောက်ရန် စီစဉ်နေ

ဧရာဝတီတိုင်းဒေသကြီးအတွင်း မဂ္ဂါ၀ပ် ၃၀အောက် ဓာတ်အားပေး စက်ရုံများ တိုင်းဒေသကြီးအတွင်း တည်ဆောက်ရန်အတွက် ကုမ္ပဏီများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့   ဆွေးနွေးမှုများ ပြုလုပ်နေသည်။

ခရိုင်အလိုက် သင့်တော်မည့်နေရာများတွင် တည်ဆောက်ရန် ရည်မှန်းထားကာ လက်ရှိတွင် ဖြစ်ပေါ်နေသော ဓာတ်အား လိုအပ်မှုများ ဖြည့်စည်းသွားနိုင်ရန် မျှော်မှန်းကာ ပြည်တွင်းရှိ ကုမ္ပဏီပေါင်း ၁၂ ခုနှင့် ဆွေးနွေး နေခြင်းဖြစ်သည်။

“ဖွံ ့ဖြိုးတိုးတက်မှုတွေ ဖြစ်ဖို့အတွက် လျှပ်စစ်မီးတွေ လုံလောက်ဖို့ လိုအပ်တယ်။ ပြီးတော့ လမ်းတွေကောင်းဖို့ ဆက်သွယ်ရေးတွေ ကောင်းဖို့ လိုအပ်တယ် အဲဒီလိုအခြေအနေတွေရှိမှ နိင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ များများစားစား ၀င်လာနိုင်ဖို့ ဖြစ်လာနိုင်တယ်။ ဒါကြောင့် အရေးပါတဲ့ လျှပ်စစ်ဓါတ်အားတွေကို လုံလုံလောက်လောက် ရရှိဖို ့မြန်မြန်ဆန်ဆန်အ ကောင်အထည်ဖော်နိုင်ဖို့ ကျွန်တော်တို ့ တိုင်းဒေသကြီး အစိုးရအနေနဲ့ ဆုံးဖြတ်ထားပါတယ် ”ဟု တိုင်းဒေသကြီး လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး မှပြောဆိုသည်။

လာမည့် နွေရာသီ ကာလတွင် ဓာတ်အား ၁၅၉ မဂ္ဂါ၀ပ် ရရှိမှသာ သုံးစွဲမှုများအတွက် လုံလောက်နိုင်မည် ဖြစ်ကာ ယခုအခါ စုစုပေါင်းသုံးစွဲနေသော လျှပ်စစ်ဓာတ်အား မဂ္ဂါ၀ပ်ပေါင်း ၉၀ ကျော်သာ ရှိနေခြင်းကြောင့် လိုအပ်မှုများ ရှိနေသေးသည်။

တည်ဆောက်ရန် စီစဉ်ထားသော စက်ရုံများအား စက်မှုဇုံများရှိသော ပုသိမ်၊ မြောင်းမြ၊ မအူပင် စသော ခရိုင်များတွင် အကောင်းဆုံးရွေးချယ်ကာ ဦးစားပေး တည်ဆောက်သွားရန် စီစဉ်ထားရှိကြောင်း တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး အင်ဂျင်နီယာမှူးက ပြောသည်။

“တိုင်းဒေသကြီး အတွင်းမှာ ဓာတ်အားတွေ ဘယ်လောက်အထိ လိုအပ်မလဲဆိုတာကတော့ စက်မှုဇုံတွေရဲ့ သုံးစွဲမှုအပေါ်ဘဲ မူတည်ပါတယ် တည်ဆောက်မှုတွေကို တပြိုင်တည်း လုပ်သွားရင်တော့ အမြန်ဆုံး ပြီးသွားပြီး အသုံးပြုသွားနိုင်မှာပါ ”ဟု ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူး စဝင်းနိုင်ကဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ယခုလက်ရှိအသုံးပြုနေသော ဓာတ်အားများ လောပိတ၊ ရဲရွာ၊ ပေါင်းလောင်းတို့မှ ဓာတ်အားများအား လှိုင်သာယာ ပင်မဓာတ်အားခွဲရုံမှ ပြန်လည်ရယူကာ အဓိက အသုံးပြုနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required