ဆန်စပါးစျေးကျဆင်းမှု အခက်အခဲကြံုနေရသည့် ထိုင်းလယ်သမားများကို နိုင်ငံတော်နှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းကူညီမည်

ဆန်စပါးစျေးကျဆင်းမှု အခက်အခဲကြံုနေရသည့် ထိုင်းလယ်သမားများကို နိုင်ငံတော်နှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းကူညီမည်

ဘန်ကောက်၊ နိုဝင်ဘာ ၆ ။            ။ ဆန်စပါးဈေးနှုန်းကျဆင်းမှုကြောင့် အခက်အခဲကြုံနေရသည့် ထိုင်းလယ်သမားများကို နိုင်ငံတော်နှင့် ပုဂ္ဂလိက အဖွဲ့အစည်းများက ကူညီမည်ဖြစ်သကဲ့သို့ လယ်သမားများအနေဖြင့် ဆန်များကို စားသုံးသူများထံ တိုက်ရိုက်ရောင်းချနိုင်ရန် လက်လီအရောင်းဆိုင်ကြီးများကလည်း နေရာများကို အခမဲ့စီစဉ်ပေးသွားမည်ဖြစ်သည်။

နိုင်ငံပိုင်စိုက်ပျိုးသီးနှံသိုလှောင်ရေးအဖွဲ့(PWO) အနေဖြင့် ယခုရိတ်သိမ်းရာသီအတွင်း လယ်သမားများထံမှ ဆန်မွှေး တန်ချိန် ၇၈၀ ကို တိုက်ရိုက်ဝယ်ယူနိုင်ရန် ဘတ် ၁၀ သန်းချထားပေးမည်ဖြစ်သည်။

ပြောင်းစိုက်တောင်သူများအတွက်လည်း PWO အနေဖြင့် ပြောင်းတန်ချိန် တစ်သိန်း ဝယ်ယူရန် တောင်သူလယ် သမားများအား အကူအညီပေးရေး ကော်မတီထံမှ အထူးဘတ်ဂျက်တစ်ခုကို   တောင်းခံသွားမည်ဖြစ်သည်။

Tesco Lotus လက်လီအရောင်းဆိုင်ကြီးကလည်း ထုတ်ပိုးထားသည့် ဆန်များကို ဈေးဆက်လက်လျှော့ချကာ စားသုံးသူများက ပိုမိုဝယ်ယူစေခြင်းဖြင့် လယ်သမားများကို အထောက်အပံ့ဖြစ်စေရန်   ဆောင်ရွက်လျှက်ရှိသည်။

ထို့ပြင် နိုင်ငံအနှံ့တွင် ဆိုင်ခွဲပေါင်း ၃၀၀ ရှိသည့် True Corp ကလည်း ၎င်းတို့၏ ဆိုင်များတွင် လယ်သမားများက စားသုံးသူများထံ ဆန်ဖြူများ လာရောက်ရောင်းချနိုင်ရန် နေရာများ အခမဲ့စီစဉ်ပေးထားကြောင်း သိရသည်။

PTT ရေနံကုမ္ပဏီကလည်း ၎င်း၏ဓာတ်ဆီအရောင်းဆိုင်များတွင် နိုဝင်ဘာ ၇ ရက်မှစတင်ကာ လယ်သမားများထံမှ ဆန်များကို ဝယ်ယူသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required