အသက် ၉၀ ပြည့်မွေးနေ့တွင် မီတာ ၉၀ ရှည်သည့် ဆေးပြင်းလိပ်ရှည်ဖြင့် ဂုဏ်ပြုခံရသည့် ကျူးဘားခေါင်းဆောင်ဟောင်း ဖီဒယ်လ် ကက်စထရို

အသက် ၉၀ ပြည့်မွေးနေ့တွင် မီတာ ၉၀ ရှည်သည့် ဆေးပြင်းလိပ်ရှည်ဖြင့် ဂုဏ်ပြုခံရသည့် ကျူးဘားခေါင်းဆောင်ဟောင်း ဖီဒယ်လ် ကက်စထရို

သြဂုတ် ၁၃ ။               ။ သြဂုတ်လ ၁၃ ရက်တွင် အသက် ၉၀ ပြည့်မြောက်ခဲ့သည့် ကျူးဘား၏ သက်တော်ရှည် နိုင်ငံခေါင်းဆောင်ဟောင်း ဖီဒယ်လ် ကက်စထရိုကို ဂုဏ်ပြုသည့်အနေဖြင့် ပြည်တွင်း ဆေးလိပ်လုပ်ငန်းရှင်တစ်ဦးက မီတာ ၉၀ ရှည်လျားသည့် ဆေးပြင်းလိပ်ကို လိပ်ခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။

" ဒီဆေးလိပ်ရဲ့ အရှည်က မီတာ ၉၀ ပါ၊ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီး အသက် ၉၀ နှစ် ပြည့်မွေးနေ့ကို ရည်ရွယ်ပါတယ်" ဟု ယင်းဆေးလိပ်ဖန်တီးသူ ဂျို့စ် ကက်စတယ်လ်လာက အေအက်ဖ်ပီသို့ ပြောသည်။

ကျူးဘား၏ ကွန်မြူနစ်ဝါဒီ သမ္မတဟောင်း ဖီဒယ်လ်ကက်စထရိုသည် ဆေးပြင်းလိပ်ကို လွန်စွာကြိုက်နှစ်သက်ခဲ့သူတစ်ဦးဖြစ်ကာ တာဝန်ယူစဉ် အစောပိုင်းကာလများအတွင်းက အမြဲလိုလိုပင် ဆေးပြင်းလိပ်ခဲထားသည့် ဖီဒယ်လ်ကက်စထရို၏ ပုံစံကို  မြင်တွေ့ထားခဲ့ရသည်။

" သူကတော့ ကျွန်တော့်ကို သိမယ်မထင်ပါဘူး၊ သူ ဆေးလိပ်မသောက်တော့တာလည်း နှစ်ပေါင်းတော်တော်ကြာသွားပါပြီ၊ ဒါပေမယ့် ခု သူ့ကို ကျွန်တော်တို့ ပေးတဲ့ လက်ဆောင်က ကျွန်တော်တို့ နေ့မနားညမအား ပြင်းပြင်းထန်ထန်လုပ်ပြီးမှ သူ့မွေးနေ့ကို ဂုဏ်ပြုတဲ့ အရာတစ်ခုဆိုတာ သူကိုသိစေချင်ပါတယ်" ဟု ကက်စတယ်လာ က ပြောသည်။

အဆိုပါ ဆေးလိပ်ရှည်ကြီးဖြင့် ကမ္ဘာ့အရှည်ဆုံးဆေးလိပ်အဖြစ် ခြောက်ကြိမ်မြောက် ဂင်းနစ် စံချိန်ချိုးရန်လည်း ရည်ရွယ်ထားကြောင်း ၎င်းက ပြောသည်။

ကက်စတယ်လာနှင့် ၎င်း၏အဖွဲ့သားများသည် အဆိုပါ မီတာ ၉၀ ရှည်လျားသည့်ဆေးလိပ်ကို ရရန် တစ်နေ့လျင် ၁၂ နာရီဖြင့် ရက်ပေါင်း ဆယ်ရက်ကြာ အချိန်ယူခဲ့ရသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required