90s’ Kids Team ၏ Free Hug Project ကို ပြုလုပ်မည်

90s’ Kids Team ၏ Free Hug Project ကို ပြုလုပ်မည်

ရန်ကုန် မေ ၅ ။                 ။ Back To Memory Lane of 90s’ Charity Event ဦးဆောင်သူ 90s’ Kids Team ၏ Free Hug Project ကို မေ ၈ရက် လှည်းတန်းဂုံးတံတားအောက်တွင် ပြုလုပ်မည်ဖြစ်သည်။

ညနေ ၅နာရီမှ ၇နာရီထိ ပြုလုပ်သွားမည်ဖြစ်ပြီး မည်သူမဆိုလာရောက်နိုင်ပြီး မျက်နှာဖုံးများနှင့် လိုအပ်သည်များကို အဖွဲ့မှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Free Hug Project သည်  သြစတေးလျမှစတင်ခဲ့ပြီး  လူတစ်ယောက်နှင့် တစ်ယောက်ကြား ကြင်နာခြင်းကို ပြသသည့် အပြုအမူတစ်ခုဖြစ်သည်။

ဘာသာရေး လူမျိုးရေး ခွဲခြားခြင်းမရှိဘဲ တစ်ယောက်နှင့် တစ်ယောက်ရင်းနီးစွာ ပွေ့ဖက်ကြသည့် Projectလေးတစ်ခုဖြစ်ကြောင်းသိရသည်။

ပွဲကျင်းပရခြင်း ရည်ရွယ်ချက် မှာ နည်းပညာခေတ်ကြီးထွန်းကားမှုနည်းပါးနေခဲ့သေးသော ၉၀ပြည့်နှစ်များတွင်  လူတစ်ယောက်ကို ပွေ့ဖက် နှစ်သိမ့်ခြင်းဟာ စာနာမှုကို ပြသသည့်တစ်ခုတည်းသော နည်းလမ်းဆိုတာကို ပြန်လည်သတိရစေချင်သော ကြောင့်ဖြစ်ကြောင်း  သိရပါသည်။

လူတစ်ယောက်နှင့် တစ်ယောက်ကြား ချစ်ခြင်းတရားကိုပြသ၍  အထီးကျန် မှုကို ဖြေသိမ့်ပေးနိုင်ရန် ရည်ရွယ်ကြောင်းသိရသည်။

 90s’ Kids Event ကို စီစဉ်သူမှာ 90s’ Kids Team ဖြစ်ပြီး အွန်လိုင်းလူငယ်တွေစုစည်းသော အဖွဲ့ဖြစ်ကာ freelancer များနှင့် အခြားကူညီသူများပူးပေါင်းစုစည်းထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required