အက်သလက်ကို ရှုံးနိမ့်ခဲ့သော်လည်း အသင်း၏ကစားပုံကို ကျေနပ်ဟု ဂွါဒီယိုလာ ပြော

အက်သလက်ကို ရှုံးနိမ့်ခဲ့သော်လည်း အသင်း၏ကစားပုံကို ကျေနပ်ဟု ဂွါဒီယိုလာ ပြော

ဧပြီ ၂၈၊ မက်ဒရစ် ။                 ။ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် အက်သလက်အသင်းကို အဝေးကွင်း၌ ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသော်လည်း အသင်း၏ ကစားပုံကို ကျေနပ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဂွါဒီယိုလာက ပြောဆိုလိုက်သည်။

အက်သလက်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို ပွဲချိန် ၁၁ မိနစ်မှာပင် လူငယ်ကစားသမား ဆောက သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

'ဆောရဲ့ဂိုးက တကယ်ကို ကောင်းမွန်တဲ့ ဂိုးပါ။ သူက တကယ့်ကစားသမားကောင်းပါပဲ။ အခုလို ရလဒ်ထွက်ပေါ်ခဲ့တာကတော့ ကျွန်တော်တို့ရဲ့ အမှားကြောင့်ပါ။

ဒီပွဲကို တစ်ပွဲလုံး ခြုံကြည့်လိုက်ရင် ပွဲကောင်းတစ်ပွဲပါပဲ။ ဒါပေမဲ့ ပွဲအစပိုင်းမှာ အသင်းရဲ့ ကစားပုံက ဆိုးရွားခဲ့ပါတယ်။ ဂိုးပေးလိုက်ရတာက ကျွန်တော်တို့အသင်း အထနှေးတာရဲ့ အကျိုးဆက်ပါပဲ။

ရလဒ်က အသင်းအတွက် မကောင်းပါဘူး။ အဝေးကွင်းမှာဂိုးမသွင်းနိုင်ဘူးဆိုတာ ကျေနပ်စရာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ ကစားဖို့ မိနစ် ၉၀ ကျန်ရှိနေပါသေးတယ်' ဟု ဂွါဒီယိုလာက ပြောဆိုခဲ့သည်။

နောက်ဆုံးတွင် ဂွါဒီယိုလာက ဒုတိယအကျော့တွင် စိတ်ရှည်ရန်လိုအပ်ကြောင်းနှင့် အကောင်းဆုံးကစားသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required