အိန္ဒိယက IT ဆက်စပ်ပစ္စည်းများ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်ဒေါ်လာ သန်း ၃၆၀   အတည်ပြု 

အိန္ဒိယက IT ဆက်စပ်ပစ္စည်းများ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်ဒေါ်လာ သန်း ၃၆၀   အတည်ပြု 

အိန္ဒိယအစိုးရက သတင်းအချက်အလက်နည်းပညာ ဆက်စပ်ပစ္စည်းများ (IT hardware) ကဏ္ဍတွင် ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန်  အစီအစဉ်အရ အိန္ဒိယရူပီး ၃၀ ဘီလီယံ (ဒေါ်လာ ၃၆၀ ဒသမ ၄ သန်း) တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများကို အတည်ပြုလိုက်သည်။ 

ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ စုစုပေါင်း ၄၀ မှ လျှောက်လွှာ တင်သွင်းရာ ၂၇ ခု ကို အတည်ပြုခဲ့ကြောင်း သတင်းအချက်အလက် နည်းပညာဝန်ကြီး အက်ရှ်ဝင်နီ ဗစ်ရှ်နော က နိုဝင်ဘာ ၁၈ တွင် ပြောကြားသည်။ 

 ခွင့်ပြုချက်ရရှိထားသူများတွင် Dell၊ Hewlett Packard၊ Foxconn ယူနစ် Rising Star နှင့် Flextronics ကုမ္ပဏီ တို့ ပါဝင်ကြောင်း အစိုးရ မှ ထုတ်ပြန်ထားသည်။ 

 အိန္ဒိယ အစိုးရ သည် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ဆက်စပ်ပစ္စည်းများ ( IT Hardware) ထုတ်လုပ်မှုတွင် ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် ၎င်း၏ တိုက်တွန်းအားပေးသည့် အစီအစဉ်ကို မေ တွင် တိုးချဲ့ခဲ့ပြီး အဆိုပါပမာဏသည် ဒေါ်လာ ၂ ဘီလီယံအထိ နှစ်ဆတိုးမြှင့်ခဲ့ပြီး ပြည်တွင်းလက်ပ်တော့နှင့် တက်ဘလက်များ ထုတ်လုပ်မှုကို မြှင့်တင်ရန် ရည်ရွယ်သည်။ 

 အိန္ဒိယသည် နှစ်စဉ် လျာထားချက်ထက် ကျော်လွန်သော ပြည်တွင်းထုတ်ကုန် ပစ္စည်းများ ရောင်းချခြင်းအတွက် ထုတ်လုပ်သူများအား ငွေသားပြန်အမ်းပေးခြင်းပါဝင်သည်။ 

 ထို့ပြင် အိန္ဒိယသည် ကမ္ဘာ့အီလက်ထရွန်းနစ် ထောက်ပံ့ရေးကွင်းဆက်တွင် အင်အားကြီးနိုင်ငံဖြစ်လာရန် ရည်မှန်းချက်ထားပြီး ၂၀၂၆ တွင် နှစ်စဉ် ထုတ်ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၃၀၀ ဘီလီယံ ရရှိရန် ရည်မှန်းထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required