ဘောလိဝု ရုပ်ရှင်လောကတွင် အောင်မြင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း အပြာမင်းသမီးဟောင်း Sunny Leone ပြော

ဘောလိဝု ရုပ်ရှင်လောကတွင် အောင်မြင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း အပြာမင်းသမီးဟောင်း Sunny Leone ပြော

ဇန်နဝါရီ ၂၇ ။            ။ ဘောလိဝု မင်းသမီး Sunny Leone သည် အတိတ်ကာလက အပြာဇာတ်ကားများတွင် သရုပ် ဆောင်ခဲ့ဖူးသူဖြစ်ရာ အိန္ဒိယမှ ရှေးရိုးစွဲဝါဒီများ၏ အမျက်ဒေါသကို ကာလကြာရှည်စွာ ခံနေခဲ့ရသော်လည်း ဘောလိဝု ရုပ်ရှင်လောကတွင် အောင်မြင်အောင် ဆက်လက် ကြိုးပမ်းရန် အခိုင်အမာ ဆုံးဖြတ်ထားကြောင်း သူကဆိုသည်။ ပြီးခဲ့သည့် အပတ်ထဲတွင် သူနှင့် ပတ်သတ်၍ အငြင်းပွါးမှှုများ ပေါ်ပေါက်လာခဲ့သည်။

ကနေဒါဖွား အိန္ဒိယ မင်းသမီး Leone က သူသည် အပြာမင်းသမီး ဘဝမှနေ၍ အသွင်ကူး ပြောင်းကာ အိန္ဒိယရုပ်ရှင်လောကတွင် အောင်မြင်ရန် ကြိုးပမ်းရသည်မှာ ခက်ခဲလှကြောင်းနှင့် ယခုအခါတွင်မူ ဘောလိဝု ရုပ်ရှင်လောကနှင့် အတန်ငယ် အသားကျလာပြီ ဖြစ်ကြောင်း ပြောခဲ့သည်။

“ကျွန်မ ဘောလိဝု ရုပ်ရှင်လောကထဲကို စပြီး ဝင်ရောက်တုန်းက လူတွေဟာ ကျွန်မရဲ့ ရွေးချယ်ခဲ့မှှုတွေအပေါ် သိပ်ပြီး မနှစ်သက်ကြတဲ့အတွက် ခံစားရခက် ခဲ့ပါတယ်” ဟု Leone က ဆိုသည်။
“ဒါပေမဲ့ အချိန်တွေ ကုန်လွန်သွားတာနဲ့အမျှ၊ အထူးသဖြင့် လွန်ခဲ့တဲ့ ခြောက်လလောက်မှာ ကျွန်မဟာ အံ့အားသင့်စရာကောင်းတဲ့ နာမည်ကျော် ကြယ်ပွင့်တွေနဲ့ သိလာရ၊ တွေ့လာရပါတယ်။ အဲဒါဟာ ခရီးတစ်ခုလိုပါပဲ” ဟု သူက ဆိုသည်။

အသက် ၃၄ နှစ်အရွယ် မင်းသမီးမှာ လွန်ခဲ့သည့် သုံးနှစ်တွင် အိန္ဒိယ၌ Google ဖြင့် အရှာ ခံရဆုံး နာမည်ကျော်ကြယ်ပွင့် ဖြစ်သည်။ နာမည်ကျော် ဂျာနယ်လစ် Bhupendra Chaubey က Sunny Leone အား မေးခွန်းများ မေးမြန်းခဲ့ရာတွင် အိန္ဒိယ၌ အပြာဇာတ်ကားနှင့် အပြာဓာတ်ပုံ ကြည့်ရှှုသူ အရေအတွက် တစ်ရှိန် ထိုး များပြားလာခြင်းမှာ Sunny Leone နှင့် သက်ဆိုင်ခြင်း ရှိမရှိ မေးခွန်း အပါအဝင် မေးခွန်းအချို့ကို မေးမြန်းခဲ့ရာမှ ထိုကိစ္စမှာ လူမှှုမီဒီယာတွင် အငြင်းပွါးစရာ ဖြစ်လာခဲ့ရသည်။

“ကျွန်တော် ခင်ဗျားကို အင်တာဗျူး လုပ်မယ်ဆိုရင် ကျွန်တော်ဟာ စိတ်ပိုင်းဆိုင်ရာအရ အကျင့်ပျက်သလို ဖြစ်သွားမှာလားလို့ ကျွန်တော် တွေးနေမိပါတယ်” ဟုလည်း ဂျာနယ်လစ်က ပြောခဲ့သေးသည်။
ထိုသို့ ပြောခဲ့သည့်အတွက် ဂျာနယ်လစ် Chaubey မှာ အမျိုးသမီးများအပေါ် မလိုမုန်း ထားသူဖြစ်ကြောင်း စွပ်စွဲခံခဲ့ရသည်။

PK ဇာတ်ကားမှ နာမည်ကျော် မင်းသား Aamir Khan အပါအဝင် နာမည်ကျော် ဘောလိဝု ရုပ်ရှင်ကြယ်ပွင့်များနှင့် အိန္ဒိယ ပြည်သူ အများအပြားကလည်း မင်းသမီး Sunny Leone အား ထောက်ခံကြောင်း ၎င်းတို့၏ တွစ်တာ စာမျက်နှာများတွင် ရေးသားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required