Live: မန်ယူ ၃-၀ ဝက်ဖို့ဒ် (Full-time)

23 February 2020
Live: မန်ယူ ၃-၀ ဝက်ဖို့ဒ် (Full-time)
Premier League February 23, 20:30

Man United
3-0 (FT)
Bernades 42'(P) Martial 58' Greenwood 75'
 
Stadium: Old Trafford
Yellow Card!!

မန်ယူအသင်းတိုက်စစ်မှူး မာရှယ်ကို ဖျက်ထုတ်ခဲ့တဲ့ ကာ့တ်ကတ်ကတော့ အဝါကတ်ပြား ပြသခံလိုက်ရပြီ ခင််ဗျာ။

70 Min

ဘောလုံးပွဲတင်ဆက်နေသူတွေကတော့ မန်ယူအသင်းရဲ့ ကွင်းလယ်ဟာ ဖာနန်ဒက်စ်ကြောင့် ပြောင်းလဲသွားခဲ့ပြီလို့ မှှတ်ချက်ပေးနေကြတယ် ခင်ဗျာ။ ဖာနန်ဒက်စ်ရဲ့ ကစားပုံကြောင့် မန်ယူကွင်းလယ်က ပိုမိုတည်ငြိမ်လာနိုင်ခဲ့ပြီး တိုက်စစ်နဲ့ခံစစ်မျှတအောင် ကစားနေနိုင်တယ်လို့ သုံးသပ်နေကြတာပါ။

68 Min

ဂရင်းဝုဒ်တစ်ယောက် ဝက်ဖို့ဒ်ဂိုးဧရိယာထဲကို ထိုးဖောက်လာခဲ့ပြီး ကန်သွင်းခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ကန်ချက်ကို ဂိုးသမား ဖော်စတာ ကာကွယ်နိုင်လိုက်တယ် ခင်ဗျာ။

66 Min

အမှတ်ပေးဇယားရဲ့အဆင့် (၁၉)နေရာမှာ ရောက်နေတဲ့ ဝက်ဖို့ဒ်အသင်းအတွက်ကတော့ ဒီပွဲမှာသာ ရှုံးသွားခဲ့ရင် တန်းဆင်းဇုန်ထဲမှာ ဆက်လက်ရှိနေရဦးမယ့် အခြေအနေ ဖြစ်သွားခဲ့ပါတယ်။ မန်ယူအသင်းကတော့ ဒီပွဲမှာသာ နိုင်ခဲ့ရင် စပါးအသင်းရဲ့အဆင့်(၅)နေရာကို ပြောင်းလဲ ရယူနိုင်မှာပါ။

64 Min

မန်ယူအသင်းကတော့ ဝက်ဖို့ဒ်ကို ချေပဂိုးပေးရမလို ဖြစ်ခဲ့ရာကနေ မာရှယ်ရဲ့ သွင်းဂိုးကြောင့် နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နေနိုင်ခဲ့ပြီ ခင်ဗျာ။ မာရှယ်ရဲ့ သွင်းဂိုးက တကယ့်ကို လှပခဲ့ပြီး ဖော်စတာနဲ့ ဝက်ဖို့ဒ်နောက်ခံလူ နှစ််ဦး ကာထားတဲ့အနေအထားကနေ သွင်းလိုက်နိုင်တာပါ။ ဆိုးလ်ရှားအတွက်တော့ နိုင်ပွဲနေ့တွေ ထပ်ရောက်လာခဲ့ပြန်ပြီလို့ ပြောရမယ် ခင်ဗျာ။

Updates

4 years 2 months ago
4 years 2 months ago
4 years 2 months ago
4 years 2 months ago
4 years 2 months ago

Pages

Mizzima Weekly