Live: မန်ယူ ၃-၀ ဝက်ဖို့ဒ် (Full-time)

23 February 2020
Live: မန်ယူ ၃-၀ ဝက်ဖို့ဒ် (Full-time)
Premier League February 23, 20:30

Man United
3-0 (FT)
Bernades 42'(P) Martial 58' Greenwood 75'
 
Stadium: Old Trafford
Goal!!!

မန်ယူအသင်းက ဒုတိယဦးဆောင်ဂိုး ရရှိသွားခဲ့ပြီ ခင်ဗျာ။ မာရှယ်က သွင်းယူပေးလိုက်တာပါ။

58 Min

ဒီပွဲမှာ မန်ယူအသင်းက အနိုင်ရဖို့ အလေးပေးခံထားရတယ်ဆိုပေမယ့်လည်း ပီယာဆင် ရဲ့ လက်ထက်မှာ တိုးတက်ပြောင်းလဲလာတဲ့ ဝက်ဖို့ဒ်အသင်းရဲ့ ကစားပုံကိုတော့ လျော့တွက်လို့ မရဘူး ခင်ဗျာ။ ပီယာဆင် ဟာ တိုက်စစ်ကစားပုံကောင်းမွန်တဲ့ နည်းပြတစ်ယောက်ဖြစ်ပြီး ဝက်ဖို့ဒ်ရဲ့ တိုက်စစ်ပိုင်းကို နဂိုအခြေအနေထက် ပိုကောင်းအောင် စွမ်းဆောင်ပြထားနိုင်တဲ့သူ တစ်ယောက်ပါ။

56 Min

ဝက်ဖို့ဒ်အသင်းခေါင်းဆောင် ဒီနေးရဲ့ သွင်းဂိုးက ဂိုးထဲဝင်သွားခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင်ကတော့ VAR ပြန်ကြည့်ပြီး လက်ထိဘောလို့ သတ်မှတ်ပေးခဲ့တယ် ခင်ဗျာ။ ဝက်ဖို့ဒ်အသင်းအတွက် အမှန်တကယ်ပဲ နစ်နာသွားခဲ့ရတာပါ။

54 Min

မန်ယူအသင်းက တောင်ပံတွေကနေ တိုက်စစ်ဆင်ဖို့ ကြိုးစားနေတယ် ခင်ဗျာ။ ဝက်ဖို့ဒ်အသင်းကတော့ တန်ပြန်တိုက်စစ်တွေကစားဖို့ ဒယ်လိုဖူ ၊ ပါရဲရား တို့ကို အဓိက အားကိုးနေပြီး မန်ယူကို အငိုက်မိအောင် ကစားနေဖို့ကြိုးစားနေပုံပါ။

52 Min

ဝက်ဖို့ဒ်အသင်းကတော့ ဦးဆောင်ဂိုးတစ်ဂိုး ပေးထားရတာကြောင့် ပထမပိုင်းတုန််းကလို ခံစစ်ကို အရမ်းကြီး အာရုံစိုက်ကစားနေလို့မရတော့ဘူး ခင်ဗျာ။ သူတို့အတွက် ချေပဂိုးတစ်ဂိုးရဖို့ လိုအပ်နေပြီဖြစ််ပြီး ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေကို ပုံဖော်နိုင်ဖို့ ကြိုးစားရတော့မှာပါ။

Updates

4 years 2 months ago
4 years 2 months ago
4 years 2 months ago
4 years 2 months ago
4 years 2 months ago

Pages

Mizzima Weekly