LIVE: ဗလင်စီယာ ၂-၀ ဘာစီလိုနာ (Full-time)

25 January 2020
LIVE: ဗလင်စီယာ ၂-၀ ဘာစီလိုနာ (Full-time)
La Liga January 25, 21:30

Valencia
2-0 (FT)
Jordi Alba 48' (OG) Gomez 77'
Mestalla
77 Min

ဘာစီလိုနာက သူတို့ရဲ့ ထိုးဖောက်ပုံကို ပြောင်းလဲခဲ့ပြီး အမြင့်ဘောတွေနဲ့ ကစားလာခဲ့ပေမယ့် ဗလင်စီယာရဲ့ ပေါ်လစ္စတာ ၊ ဂါရေးတို့က အရပ်မြင့်သူတွေဖြစ်ကြလို့ ထိရောက်မှု မရှိပဲ ဖြစ်နေတာကို တွေ့နေရပါတယ်။

75 Min

မက်ဆီရဲ့ ပြစ်ဒဏ်ဘောကန်သွင်းမှုက တော်တော်လေးကောင်းခဲ့ပေမယ့် ဗလင်စီယာဂိုးသမား ဒိုမီနက်ချ် ကာကွယ်သွားနိုင်ခဲ့ပါတယ်။

74 Min

ဗလင်စီယာနောက်ခံလူ ဂါရေး က ဂိုးဧရိယာအစပ်နားမှာ ဂရစ်ဇ်မန်းကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့လို့ ဘာစီလိုနာအသင်း ပြစ်ဒဏ်ဘော ကန်ခွင့်ရတယ်ခင်ဗျာ

73 Min

ဂရစ်ဇ်မန်းရဲ့ ဖြတ်တင်ပေးပို့မှုကို မက်ဆီ ခေါင်းတိုက်အဆုံးသတ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ထိချက်လွဲသွားခဲ့လို့ အလဟဿဖြစ်သွားခဲ့ရပါတယ်။

71 Min

ပထမပိုင်းမှာ ဂိုးကန်သွင်းခွင့် တစ်ကြိမ်မှ မရရှိခဲ့တဲ့ ဘာစီလိုနာက ဒုတိယပိုင်းမှာတော့ ဂိုးကန်သွင်းခွင့် (၈)ကြိမ်အထိ ရရှိထားခဲ့တယ် ခင်ဗျာ။ ဘာစီလိုနာ ကစားသမားတွေအနေနဲ့ကတော့ ချေပဂိုးရဖို့ တစ်ဖက်က ကြိုးစားနေရသလို တစ်ဖက်ကလည်း မကြာခဏ ဟန်ဆောင်လှဲချနေကြတဲ့ ဗလင်စီယာ ကစားသမားတွေရဲ့ လှည့်စားမှုတွေနဲ့ရင်ဆိုင်နေရတာပါ။

Updates

4 years 3 months ago
4 years 3 months ago
4 years 3 months ago
4 years 3 months ago
4 years 3 months ago

Pages

Mizzima Weekly