LIVE: ဗလင်စီယာ ၂-၀ ဘာစီလိုနာ (Full-time)

25 January 2020
LIVE: ဗလင်စီယာ ၂-၀ ဘာစီလိုနာ (Full-time)
La Liga January 25, 21:30

Valencia
2-0 (FT)
Jordi Alba 48' (OG) Gomez 77'
Mestalla
69 Min

ဗလင်စီယာအသင်းကလည်း လာလီဂါနောက်ဆုံး အိမ်ကွင်း (၁၁)ပွဲဆက် ရှုံးပွဲမရှိအောင် ကစားထားနိုင်တာမို့ ဒီပွဲက ဘာစီလိုနာအတွက် ခက်ခဲမယ့်ပွဲတစ်ပွဲ ဖြစ်လာလိမ့်မယ်လို့ သုံးသပ်မှုတွေရှိထားခဲ့ပြီး တကယ်လည်း ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာခဲ့ပြီ ခင်ဗျာ။ ပွဲချိန် မိနစ် (၇၀)နား နီးလာတဲ့အထိ ဘာစီလိုနာက ဗလင်စီယာရဲ့ ဦးဆောင်မှုကို ခံထားရပြီး ချေပဂိုးရနိုင်ဖို့ ရုန်းကန်နေရဆဲပါ။

67 Min

ဘာစီလိုနာအသင်း ကွင်းလယ်ကစားသမား ဒီဂျောင်ကတော့ ပြိုင်ဖက် ခံစစ်သမားတွေနဲ့ ထိခိုက်မိခဲ့ပြီး  ဒဏ်ရာ နည်းနည်းရသွားပုံပဲ ခင်ဗျာ။ ပွဲချိန် တစ်လျှောက်လုံး ကြိုးစားကစားနေခဲ့ပေမယ့်လည်း ဒီဂျောင်က မက်ဆီ၊ ဂရစ်ဇ်မန်းတို့နဲ့ အတွဲမမိပဲ ဖြစ်နေတာကိုတွေ့နေရပါတယ်။

65 Min

ဂရစ်ဇ်မန်းနဲ့ အပေးအယူလုပ်ပြီး လွတ်ထွက်သွားတဲ့ မက်ဆီရဲ့ ကန်သွင်းမှုက ဂိုးပေါက်နဲ့ နည်းနည်းလေး ကပ်ထွက်သွားခဲ့တယ် ခင်ဗျာ။ ပထမပိုင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ မက်ဆီကတော့ ပွဲချိန် ဒုတိယပိုင်းမှာ ပိုမိုကြိုးစားလာတာကို တွေ့နေရပြီး ဂိုးကန်သွင်းမှုတွေလည်း ပြုလုပ်လာနိုင်ခဲ့ပါတယ်။

63 Min

ဗီဒယ်ကတော့ ကွင်းထဲဝင်ပြီး သိပ်မကြာသေးခင်မှာပဲ ဒီပွဲအတွက် ခြေစွမ်းပြနေတဲ့ ကိုကွီလင် ကို ဆော်ပစ်လိုက်တယ် ခင်ဗျာ။ ကွင်းလယ်ဒိုင်က သတိပေးမှုတွေ ပြုလုပ်နေတာ မြင်တွေ့နေရပါတယ်။

61 Min

ဗလင်စီယာအသင်းက တိုက်စစ်မှူး ဂါမဲရိုး ရဲ့နေရာမှာ အခြားတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ရိုဒရီဂို ကို ဝင်ရောက်ကစားစေလိုက်ပြီ ခင်ဗျာ

Updates

4 years 3 months ago
4 years 3 months ago
4 years 3 months ago
4 years 3 months ago
4 years 3 months ago

Pages

Mizzima Weekly