Live: မန်ယူ ၂-၀ မန်စီးတီး (Full-time)

08 March 2020
Live: မန်ယူ ၂-၀ မန်စီးတီး (Full-time)
Premier League March 08, 23:00

Man United
2-0 (FT)
Martial 30' McTominay 90+6'
Stadium: Old Trafford
89 Min

မန်စီးတီးအသင်းက ပွဲပြီးခါနီး မိနစ်တွေမှာ မန်ယူဖက်ကို တောက်လျှောက် ဖိအားပေးကစားနေပြီး မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကတော့ ကွင်းဘေးကနေ ကစားသမားတွေကို အော်ဟစ်နေခဲ့တာကို မြင်နေရပါတယ်။

87 Min

ပွဲပြီးဖို့ မိနစ်အနည်းငယ်ပဲ လိုတော့တာ ခင်ဗျာ။ မန်ယူအသင်းက သူတို့ရဲ့ ပထမပိုင်းသွင်းဂိုးကို ဆက်လက် ထိန်းထားနိုင်ဆဲဖြစ်ပြီး မန်စီးတီးအသင်းရဲ့ တိုက်စစ်တွေကို ကြံ့ကြံ့ခံနိုင်ဖို့ ကြိုးစားနေဆဲပါ။

86 Min

မန်ယူအသင်း ကွင်းလယ်လူ ဖရက်ဒ်ကတော့ ညာခြမ်းခံစစ်ကို ကူပေးနေရတာ တွေ့နေရပါတယ်။ စတာလင် ကို လင်ဒီလော့ဖ်နဲ့တွဲပြီး ထိန်းချုပ်ဖို့ ကြိုးစားနေတာဖြစ်ပေမယ့် စတာလင်ရဲ့ လျှင်မြန်မှုကို အမှီလိုက်ဖို့ ခက်နေခဲ့တယ် ခင်ဗျာ။

84 Min

မန်စီးတီးအသင်းက ဇင်ချန်ကို ရဲ့နေရာမှာ မန်ဒီ ကို ထည့်သွင််း ကစားလိုက်တယ် ခင်ဗျာ။ မန်ယူအသင်းကလည်း ဝီလီယံရဲ့နေရာမှာ ဘိုင်လီ၊ မာရှယ်ရဲ့နေရာမှာ တိုမီနေး တို့ကို ထည့်သွင်းကစားလိုက်ပါပြီ။

82 Min

မာရက်ဇ်ရဲ့ ဖြတ်တင်ဘောကနေ စတာလင် ပိတ်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် သီသီလေး လွဲသွားခဲ့လို့ မန်စီးတီးအသင်း နစ်နာသွားခဲ့ရတာ ခင်ဗျာ။ ဂျီးဆပ် ရဲ့ ကန်သွင်းမှုကိုလည်း ဂိုးသမား ဒီဂီယာ ကာကွယ်နုုိင်လိုက်ပါတယ်။