Live: မန်ယူ ၂-၀ မန်စီးတီး (Full-time)

08 March 2020
Live: မန်ယူ ၂-၀ မန်စီးတီး (Full-time)
Premier League March 08, 23:00

Man United
2-0 (FT)
Martial 30' McTominay 90+6'
Stadium: Old Trafford
80 Min

ဒီနေ့ပွဲမှာတော့ MOTM ရသွားမယ့် ကစားသမားကို ရွေးပါဆိုရင် မန်ယူတိုက်စစ်မှူး မာရှယ် ကိုပဲ ရွေးချယ်ရမလို ဖြစ်နေတယ် ခင်ဗျာ။ မန်ယူအတွက် တစ်လုံးတည်းသော ဦးဆောင်ဂိုးကို သွင်းပေးထားတဲ့ မာရှယ်ဟာ တိုက်စစ်မှာ နေရာအနှံ့လိုက်ပါ ကစားနေတာကို မြင်တွေ့နေရတာပါ။

78 Min

မန်ယူအသင်းရဲ့ နောက်ခံလူ လုခ်ရှော တစ်ယောက် ဒဏ်ရာရသွားတာကို မြင်နေရပြီးသူ့ရဲ့နေရာမှာ ဘိုင်လီ ဝင်ကစားဖို့ ပြင်ဆင်နေပြီ ခင်ဗျာ

77 Min

ဘစ်ဆာကာ ရဲ့ ဖြတ်တင်ဘောက တစ်ဆင့် ဂျိမ်းစ် တစ်ယောက် အခွင့်အရေးရသွားခဲ့ပြီး ကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် အီဒါဆင် ကာကွယ်သွားနိုင်ခဲ့တယ် ခင်ဗျာ။ သူသာ လူပေးလိုက်မယ်ဆိုရင် ဖာနန်ဒက်စ်၊ မာရှယ်တို့ အသင့်ရှိနေတာကြောင့် ဂိုးရနိုင်မယ့်အခွင့်အရေး ပိုများသွားမှာပါ။ ဒါပေမယ့် ဂျိမ်းစ်ကတော့ တစ်ကိုယ်ကောင်းဆန်စွာပဲ ကန်သွင်းလိုက်ပါတယ်။

75 Min

ဒီနေ့ပွဲမှာ မန်ယူအသင်းရဲ့ ဘယ်ခြမ်းမှာ ကစားနေတဲ့ (၁၉)နှစ်သားလေး ဝီလီယံကတော့ ကန်ဆယ်လို ကို ကောင်းကောင်းကြီး ဖိအားပေးနေတာကို မြင်နေရပါတယ်။ အတွေ့အကြုံများလွန်းတဲ့ နောက်ခံလူ အတွက်တော့ ဒီ (၁၉)နှစ်သားလေးကို ဘယ်လိုထိန်းရမှန်းမသိ ဖြစ်နေပုံပဲ ခင်ဗျာ။

73 Min

မန်ယူအသင်းရဲ့ ကွင်းလယ်လူ မာတစ် ကတော့ မန်စီးတီး တိုက်စစ်ကို တားဆီးဖို့အတွက် ကြမ်းတမ်းတဲ့ တားဆီးမှုတွေကို ပြုလုပ်နေခဲ့တယ် ခင်ဗျာ။ နောက်ပိုင်းပွဲစဉ်တွေမှာ နေရာ တစ်ခု ပြန်ရလာတဲ့ မာတစ် အနေနဲ့ သူ့ရဲ့ ခြေစွမ်းကောင်းကို ပြန်လည်ပြသနိုင်ခဲ့တာပါ။