LIVE: လီဗာပူးလ် ၂-၀ မန်ယူ (Full-time)

19 January 2020
LIVE: လီဗာပူးလ် ၂-၀ မန်ယူ (Full-time)
Premier League January 19, 23:00

Liverpool
2-0 FT
Virgil van Dijk 14' Salah 90+3
Anfield
81 Min

ဂရင်းဝုဒ်ဝင်လာခဲ့လို့ မန်ယူအသင်းရဲ့ ကစားပုံက (၃-၄-၃)ပုံစံကိုပြောင်းလဲသွားခဲ့ပြီ ခင်ဗျာ။ မာရှယ်၊ ဂရင်းဝုဒ်နဲ့ ဂျိမ်းစ်တို့ရဲ့ (၃)ယောက်တွဲ တိုက်စစ်ကို မြင်ရတော့မှာဖြစ်ပြီး မာတာ ၊ မာတစ်၊ ဖရက်နဲ့ ဘစ်ဆာကာ တို့က ကွင်းလယ်မှာ ကစားကြမှာပါ

79 Min

မန်ယူအသင်းကတော့ မာတာနဲ့ ဂရင်းဝုဒ်ကို တပြိုင်တည်းထည့်ပြီး ကစားကွက်ကို ပြောင်းလိုက်တယ် ခင်ဗျာ။ ပါရဲရားနေရာမှာ မာတာ ၊ ဝီလီယံရဲ့နေရာမှာ ဂရင်းဝုဒ်တို့ ဝင်လာခဲ့တာပါ။

78 Min

လီဗာပူးလ်ရဲ့အရန်ခုံမှာရှိနေတဲ့ မီနာမီနို ကတော့ ဒီနေ့ပွဲမှာ လီဗာပူးလ်ပရိသတ်တွေ မျှော်လင့်နေတဲ့ ကစားသမားပဲလို့ပြောရမယ် ခင်ဗျာ။ ဆဲလ်ဘတ်အသင်းက  ပြောင်းလာတဲ့ တောင်ပံကစားသမားရဲ့ ခြေစွမ်းကို ပရိသတ်တွေ မြင်ချင်နေကြပေမယ့် ကလော့ပ်ကတော့ မီနာမီနို ကို သွေးပူလေ့ကျင့်ခန်းတောင်မလုပ်ခိုင်းသေးပါဘူး။

76 Min

ဆာလက် ကို ဆွဲထားခဲ့တဲ့ လုခ်ရှောကတော့ အဝါကတ် အပြခံလိုက်ရပါပြီ။

75 Min

ဆာလက် ကို ကြမ်းကြမ်းတမ်းတမ်းကစားခဲ့တဲ့ မာတစ် ကိုတော့  ကွင်းလယ်ဒိုင်က သတိပေးနေတယ် ခင်ဗျာ။ မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမားတွေက လီဗာပူးလ်ရဲ့အမြန်နှုန်းကို တားဆီးနိုင်ဖို့အတွက် ခက်ခဲနေခဲ့ပြီး ပြစ်ဒဏ်ဘောတွေ မကြာခဏ ကျူးလွန်နေခဲ့တာပါ။