LIVE: လီဗာပူးလ် ၂-၀ မန်ယူ (Full-time)

19 January 2020
LIVE: လီဗာပူးလ် ၂-၀ မန်ယူ (Full-time)
Premier League January 19, 23:00

Liverpool
2-0 FT
Virgil van Dijk 14' Salah 90+3
Anfield
74 Min

မာရှယ်ရဲ့ ဒီတစ်ကြိမ်ကန်သွင်းချက်ကလည်း အားပျော့နေခဲ့လို့ ဂိုးသမား အလစ်ဆွန် တစ်ယောက် သက်သက်သာသာပဲ ဖမ်းယူသွားခဲ့တယ် ခင်ဗျာ

73 Min

လီဗာပူးလ်က ချိန်ဘာလိန်နဲ့  လယ်လာနာ တို့ကို အလဲအလှယ် လုပ်လိုက်ပြီ ခင်ဗျာ။ လူစားလဲခံလိုက်ရတဲ့ ချိန်ဘာလိန်တစ်ယောက် အရန်ခုံတန်းမှာ ပေါက်ကွဲနေတာကို တွေ့နေရပါတယ်။

71 Min

လီဗာပူးလ်အသင်းကတော့ လယ်လာနာ ကို ထည့်ပြီး ကစားတော့မယ့်  ပုံပဲ ခင်ဗျာ။ လယ်လာနာ သာ ဝင်လာခဲ့ရင် ကွင်းလယ်မှာ ခြေစွမ်းမပြနိုင်ဖြစ်နေတဲ့ ချိန်ဘာလိန်တစ်ယောက် လူစားလဲခံရမယ့်ပုံပါပဲ

69 Min

မာရှယ်ရဲ့ ဘယ်ခြမ်းကနေ တစ်ကိုယ်တော် ထိုးဖောက်မှုတွေဟာ ဒုတိယပိုင်းမှာတော့ အလုပ်ဖြစ်လာခဲ့တယ် ခင်ဗျာ။ လီဗာပူးလ်ကတော့ တန်ပြန်တိုက်စစ်တွေကို အဓိက ကစားနေပြီး မာနေး၊ ဆာလက်တို့ရဲ့ အမြန်နှုန်းနဲ့ တန်ပြန်တိုက်စစ်ကစားနေပါတယ်။

67 Min

ပွဲကစားချိန် မိနစ် (၆၀)ကျော်လာတဲ့အထိတော့ ဘယ်အသင်းကမှ ကစားသမားအပြောင်းအလဲ မလုပ်သေးတာကို တွေ့နေရတယ် ခင်ဗျာ။ မန်ယူအသင်းက အဝါကတ် (၂)ကတ် ထိထားပြီး လီဗာပူးလ်အသင်းကတော့ ကစားသမားတစ်ယောက်မှ အဝါကတ် မထိအောင် ကစားထားနိုင်နေဆဲပါ။