LIVE: အင်တာမီလန် ၁-၁ ကက်ဂလီယာရီ (Full-time)

26 January 2020
LIVE: အင်တာမီလန် ၁-၁ ကက်ဂလီယာရီ (Full-time)
Serie A January 26, 18:00

Inter Milan
1-1 (FT)
Martinez 29' Nainggolan 78'
Stadium: San Siro
86 Min

ကွင်းလယ်ကနေ တစ်ကိုယ်တော် ဆွဲယူလာပြီး ကန်သွင်းဖို့ ကြိုးစားခဲ့တဲ့ လူကာကူ ရဲ့ ကန်ချက်က ကောင်းပေမယ့် ဂိုးပေါက်နဲ့ သီသီလေး လွဲသွားခဲ့တာ ခင်ဗျာ။ ကွန်တီ ကတော့ ဒဏ်ရာကနေ ပြန်ကောင်းလာခဲ့တဲ့ ဆန်းချက်ဇ်ကို ဆန်ဆီနဲ့ လူစားလဲလိုက်ပါပြီ

84 Min

ပွဲပြီးဖို့ (၁၀)မိနစ်လောက်အလိုမှာမှ ဂိုးပေးလိုက်ရတာကြောင့် အင်တာမီလန် ကစားသမားတွေ ဖိအားဝင်သွားခဲ့ပြီလို့ ပြောရမယ် ခင်ဗျာ။ ပွဲချိန် တစ်လျှောက်လုံး အခွင့်အရေးတွေ ဖြုန်းတီးခဲ့ကြတဲ့ လူကာကူနဲ့ မာတီနက်ဇ်တို့ကိုပဲ အပြစ်တင်ရမလို ဖြစ်ခဲ့ပြီး ဂိုးပြတ်မသွင်းထားနိုင်တဲ့ အခြေအနေကနေ ချေပဂိုးတစ်ဂိုးပေးလိုက်ရပြီး သရေကျမလို ဖြစ်နေခဲ့တာပါ။

82 Min

ကက်ဂလီယာရီနည်းပြ ကတော့ ပယ်လီဂရီနီ ရဲ့ နေရာမှာ မာတီယယ်လို ကို ထပ်မံ လူစားလဲလိုက်ပြန်ပါပြီ။

Goal!!!

ကက်ဂလီယာရီအသင်းက ချေပဂိုးတစ်ဂိုး ရရှိသွားခဲ့ပြီ ခင်ဗျာ။ နိုင်ဂိုလန်ရဲ့ အဝေးကန်ချက်နဲ့ ဂိုးရသွားတာပါ။

76 Min

ပွဲချိန် မိနစ် (၇၀)ကျော်လာချိန်မှာတော့ ကက်ဂလီယာရီအသင်းက ချေပဂိုးပြန်ရဖို့ ပိုမိုကြိုးစားကစားလာနေတာကို တွေ့နေရတယ် ခင်ဗျာ။ နည်းပြကတော့ အိုလီဗာရဲ့နေရာမှာ ကက်စထရို ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်လိုက်ပါပြီ