LIVE: အင်တာမီလန် ၁-၁ ကက်ဂလီယာရီ (Full-time)

26 January 2020
LIVE: အင်တာမီလန် ၁-၁ ကက်ဂလီယာရီ (Full-time)
Serie A January 26, 18:00

Inter Milan
1-1 (FT)
Martinez 29' Nainggolan 78'
Stadium: San Siro
74 Min

တန်ပြန်တိုက်စစ်ကနေ ဘောလုံးဆွဲလာခဲ့တဲ့ ဆီမြွန်နီ ကို အင်တာမီလန်ရဲ့ ဘက်စတိုနီ တစ်ယောက် တွန်းထားခဲ့ပေမယ့် ကွင်းလယ်ဒိုင် ကတော့ ပြစ်ဒဏ်ဘောမပေးခဲ့ဘူး ခင်ဗျာ။ ဆီမြွန်နီတစ်ယောက်် ပေါက်ကွဲနေပါပြီ

72 Min

လက်ရှိအခြေအနေအရတော့ အင်တာမီလန်အသင်းကပဲ နောက်ထပ် ဂိုးရသွားနိုင်တဲ့ အနေအထား ခင်ဗျာ။ အင်တာမီလန်ကို အားပေးထားတဲ့ ပရိသတ်တွေအနေနဲ့လည်း နောက်ထပ် သွင်းဂိုးတစ်ဂိုးရဖို့ လိုအပ်နေသေးတာကြောင့် လက်ကျန်ပွဲချိန်တွေဟာ ပရိသတ်တွေအတွက် ရင်ခုန်စရာ ဖြစ်လာခဲ့ပါပြီ

70 Min

ပွဲချိန် မိနစ် (၇၀)နီးပါး ရောက်လာတဲ့အထိ အင်တာမီလန်နည်းပြ ကွန်တီကတော့ လူစားလဲမယ့်ပုံ မပေါ်သေးဘူးခင်ဗျာ။ အင်တာမီလန်ရဲ့အရန်စာရင်းမှာ ဆန်းချက်ဇ်၊ မော့ဆက် ၊ အမ်ဘရိုစီယို ၊ ရာနော့ချီယာ တို့အသင့်ရှိနေကြပြီး အသက် (၁၇)နှစ်အရွယ် ကြယ်ပွင့်တိုက်စစ်မှူးလေး အက်စ်ပိုဆီတို လည်း အဆင်သင့်ရှိနေပါတယ်။

68 Min

ကက်ဂလီယာရီအသင်း ရရှိခဲ့တဲ့ ထောင့်ကန်ဘောကို ပယ်လီဂရီနီ တစ်ယောက် ခေါင်းတိုက်ဖို့ ကြိုးစားခဲ့တာ ခင်ဗျာ။ ဒါပေမယ့်လည်း ဂိုဒင်ရဲ့ ဖျက်ထုတ်ခြင်းကို ခံလိုက်ရပြီး အခွင့်အရေးကောင်းကို ဆုံးရှုံးလိုက်ရတာပါ။

66 Min

ပွဲချိန် မိနစ် (၆၀)ကျော်လာတဲ့နောက်မှာတော့ အင်တာမီလန်အသင်းက ဂိုးကန်သွင်းခွင့် တော်တော်များများ ရနေခဲ့တာကို မြင်နေရတာပါ။ လူကာကူ၊ မာတီနက်ဇ်နဲ့ ဆန်ဆီ တို့ ဂိုးကန်သွင်းခွင့် (၅)ကြိမ်လောက် ရခဲ့ကြပေမယ့် သူတို့ရဲ့ ကန်ချက်တွေက ဂိုးအဖြစ်တော့ ပြောင်းလဲနိုင်ခြင်းမရှိခဲ့ကြဘူး ခင်ဗျာ။