US-Iran conflict live updates: အီရန်အပေါ် စစ်ရေးအရ အရေးယူနိုင်သည့် ထရမ့်၏ အခွင့်အာဏာအား ကန့်သတ်ချက် အောက်လွှတ်တော် မဲပေး

08 January 2020
US-Iran conflict live updates: အီရန်အပေါ် စစ်ရေးအရ အရေးယူနိုင်သည့် ထရမ့်၏ အခွင့်အာဏာအား ကန့်သတ်ချက် အောက်လွှတ်တော် မဲပေး

သမ္မတထရမ့်အား ပြစ်တင်မှုတစ်ရပ်အဖြစ် အီရန်အပေါ် ၎င်း၏ အနာဂတ်၌ စစ်ရေးအရ အရေးယူနိုင်မှုကို ကန့်သတ်ရန် အမေရိကန် အောက်လွှတ်တော်တွင် ဇန်နဝါရီ ၉ ရက်က မဲပေးကြသည်။ အပြည့်အစုံ- http://www.mizzimaburmese.com/article/65381

အမေရိကန်-အီရန် တင်းမာမှုက လူသန်းပေါင်းများစွာအတွက် အကူအညီပေးခြင်းများကို ခြိမ်းခြောက်ဟု ဆို

အမေရိကန်နှင့် အီရန်အကြား တင်းမာမှုများ အရှိန်မြင့်တက်နေခြင်းသည် အရှေ့အလယ်ပိုင်းတစ်လွှား လူသန်းပေါင်းများစွာအတွက် အကူအညီများ ပေးပို့ဖြန့်ဝေနေခြင်းကို ခြိမ်းခြောက်လျက်ရှိသည်ဟု နော်ဝေဒုက္ခသည်ကောင်စီက ဇန်နဝါရီ ၈ ရက်တွင် သတိပေးသည်။ အပြည့်အစုံ- http://www.mizzimaburmese.com/article/65341

အမေရိကန်နဲ့အီရန် ပြဿနာကြောင့် ပြည်တွင်းမှာ ရွှေဈေးနဲ့ စက်သုံးဆီဈေးနှုန်းများ မြင့်တက်

အမေရိကန်နဲ့ အီရန် ပြဿနာကြောင့် မြန်မာ့ရွှေဈေးနှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။ အပြည့်အစုံ- http://www.mizzimaburmese.com/article/65334

အစ္စရေးကို တိုက်ခိုက်လာပါက အီရန်ကို အဖက်ဖက်က ထိုးနှက်မည်ဟု နေတန်ယာဟု သတိပေး

အမေရိကန်၏ လက်ချက်ဖြင့် အီရန်ထိပ်တန်းဗိုလ်ချုပ်တစ်ဦး သေဆုံးပြီးနောက် ဒေသတွင်း တင်းမာမှုမြင့်တက်လျက်ရှိစဉ် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ရန်သူတော် အီရန်အနေဖြင့် အစ္စရေးကို တိုက်ခိုက်လာပါက အဖက်ဖက်က ထိုးနှက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၈ ရက်တွင် သတိပေးပြောဆိုသည်။ အပြည့်အစုံ - http://www.mizzimaburmese.com/article/65335

ဒုံးကျည်တိုက်ခိုက်မှုက အမေရိကန်ကို ရင့်ရင့်သီးသီး စော်ကားခဲ့ခြင်းဖြစ်ကြောင်း အီရန် ဘာသာရေးခေါင်းဆောင် ပြောဆို

ဇန်နဝါရီ ၈ ရက်က အီရတ်ရှိ အမေရိကန်စစ်စခန်းများကို အီရန်ဘက်က ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ခြင်းသည် အမေရိကန်အပေါ် ရင့်သီးစွာ စော်ကားဆက်ဆံလိုက်ခြင်း ဖြစ်ကြောင်း အီရန်ဘာသာရေးခေါင်းဆောင်က ပြောဆိုလိုက်သည်။ အပြည့်အစုံ- http://www.mizzimaburmese.com/article/65324

ဒုံးကျည်တိုက်ခိုက်မှုကြောင့် အမေရိကန် ၈၀ ဦး သေဆုံးသွားခဲ့ဟု အီရန် နိုင်ငံပိုင်မီဒီယာ ထုတ်ပြန်

အီရတ်ရှိ အမေရိကန်စစ်စခန်းများကို ဇန်နဝါရီ ၈ ရက်တွင် အီရန်က ဒုံးကျည်များဖြင့် ပစ်လွှတ်တိုက်ခိုက်ခဲ့ရာ အမေရိကန်တပ်ဖွဲ့ဝင်အယောက် ၈၀ သေဆုံးသွားခဲ့ကြောင်း အီရန် နိုင်ငံပိုင် ရုပ်သံက ထုတ်ပြန်ပြောဆိုသည်။ အပြည့်အစုံ - http://www.mizzimaburmese.com/article/65328