US-Iran conflict live updates: အီရန်အပေါ် စစ်ရေးအရ အရေးယူနိုင်သည့် ထရမ့်၏ အခွင့်အာဏာအား ကန့်သတ်ချက် အောက်လွှတ်တော် မဲပေး

08 January 2020
US-Iran conflict live updates: အီရန်အပေါ် စစ်ရေးအရ အရေးယူနိုင်သည့် ထရမ့်၏ အခွင့်အာဏာအား ကန့်သတ်ချက် အောက်လွှတ်တော် မဲပေး

သမ္မတထရမ့်အား ပြစ်တင်မှုတစ်ရပ်အဖြစ် အီရန်အပေါ် ၎င်း၏ အနာဂတ်၌ စစ်ရေးအရ အရေးယူနိုင်မှုကို ကန့်သတ်ရန် အမေရိကန် အောက်လွှတ်တော်တွင် ဇန်နဝါရီ ၉ ရက်က မဲပေးကြသည်။ အပြည့်အစုံ- http://www.mizzimaburmese.com/article/65381

အီရန်နျူကလီးယားဓာတ်အားပေးစက်ရုံအနီး ပြင်းအား ၄ ဒသမ ၅ ရှိ မြေငလျင်လှုပ်

အီရန်နိုင်ငံ ဘိုရာဂျန်မြို့ ဘူရှဲနျူကလီးယားဓာတ်အားပေးစက်ရုံမှ ကီလိုမီတာ ၅၀ (မိုင် ၃၀) ခန့်အကွာ၌ ဒီကနေ့ (ဇန်နဝါရီ ၈ ရက်)   ပြင်းအား ၄ ဒသမ ၅ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်းသိရသည်။ အပြည့်အစုံ-  http://www.mizzimaburmese.com/article/65321

အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းများတွင် ဒုံးကျည် ၂၂ စင်း ကျရောက်ခဲ့ဟု ဆို

အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များရှိရာ စစ်အခြေစိုက်စခန်းနှစ်ခုကို ပစ်မှတ်ထားပြီး အီရန်ဘက်က ဒုံးလက်နက်များဖြင့် တိုက်ခိုက်ခဲ့ရာ စုစုပေါင်း ဒုံးကျည် ၂၂ စင်းအထိ ကျရောက်ခဲ့ကြောင်း အီရတ်စစ် တပ်က ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။ အပြည့်အစုံ-  http://www.mizzimaburmese.com/article/65319

အမေရိကန်စစ်စခန်းများကို တိုက်ခိုက်ခြင်းက စစ်ပွဲစရန် ကြိုးပမ်းခြင်းမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းသာ ဖြစ်ဟု အီရန် ပြော

အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ဇန်နဝါရီ ၈ ရက်တွင် ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ခြင်းသည် စစ်ပွဲတစ်ခု ပေါ်ပေါက်စေရန် ကြိုးပမ်းခြင်း မဟုတ်ဘဲ မိမိ ကိုယ် မိမိ ကာကွယ်ခြင်းသာ ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး ဂျာဗက် ဇာရစ်ဖ်က ထုတ်ပြန်ပြောဆိုလိုက်သည်။ အပြည့်အစုံ-  http://www.mizzimaburmese.com/article/65298

အီရတ်ရှိ အမေရိကန်စစ်စခန်းများ တိုက်ခိုက်ခံရပြီးနောက် ကနဦးစစ်ဆေးမှုများအရ အခြေအနေ ကောင်းကြောင်း ဒေါ်နယ်ထရမ့် ပြော

အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များရှိရာ အခြေစိုက်စခန်းနှစ်ခုကို အီရန်က ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ ကနဦး အကဲဖြတ်စစ်ဆေးခဲ့ရာတွင် အားလုံး အခြေအနေကောင်းမွန်နေလျက် ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်သည်။ အပြည့်အစုံ-   http://www.mizzimaburmese.com/article/65296

 

အီရန် တိုက်ခိုက်မှုအပြီး ရေနံစျေးမြင့်တက်

အီရန်က အမေရိကန် စစ်အခြေစိုက်စခန်းတွေကို ပဲ့ထိန်းဒုံးတွေနဲ့ တိုက်ခိုက်ပြီးတဲ့နောက် ဇန်နဝါရီ ၈ ဒီကနေ့ မနက်ပိုင်းမှာ ရေနံစျေးဟာ ၄.၅၃ ရာခိုင်နှုန်းမြင့်တက်သွားခဲ့တယ်လို့ AFP သတင်းက ဖော်ပြပါတယ်။

ရေနံစိမ်းတစ်စည်ကိုတော့ အမေရိကန်ဒေါ်လာ ၆၄.၈၄ ဒေါ်လာဝန်းကျင်းရှိတယ်လို့လည်း ဆိုပါတယ်။