LIVE: ဘာစီလိုနာ ၂-၁ ဂီတာဖေး (Full-time)

15 February 2020
LIVE: ဘာစီလိုနာ ၂-၁ ဂီတာဖေး (Full-time)
La Liga February 15, 21:30

Barcelona
2-1 (FT)
Griezmann 33' Roberto 39' Angel Rodriguez 66
Stadium: Camp Nou
68 Min

ဂီတာဖေးအသင်းရဲ့ တိုက်စစ်ဆင်မှုကို တားဆီးဖို့ ဘာစီလိုနာ ကစားသမား (၇)ယောက်လောက်အထိ ဂိုးစည်းထဲမှာ ရှိနေတာကို တွေ့ရတယ် ခင်ဗျာ။ မက်ဆီ၊ ဂရစ်ဇ်မန်းနဲ့ ဖာတီ တို့တော့ တန်ပြန်တိုက်စစ် လမ်းကြောင်းတွေမှာ ကစားဖို့အတွက် အသင့်ရှိနေကြပါတယ်။

66 Min

ဂီတာဖေးအသင်း ကစားသမားတွေကတော့ ကွင်းလယ်ဒိုင် ကူဒရာ ရဲ့ဆုံးဖြတ်ချက်တွေကို စောဒက တက်နေကြပါတယ်။ ဘာစီလိုနာကစားသမားတွေနဲ့ ဘောလုံးယှဉ်လုတိုင်း  ပြစ်ဒဏ်ဘော ပေးနေခဲ့ရတဲ့ အခြေအနေကို ဂီတာဖေး ကစားသမားတွေ ခံနိုင်ရည် ရှိပုံမရတော့ဘူး ခင်ဗျာ။

64 Min

ဒီပွဲမှာ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ ဒီဂျောင်က အဓိက ကစားသမားဖြစ်နေပြီးဘောလုံးပေးပို့မှု (၃၉)ကြိမ်မှာ (၃၁)ကြိမ်အထိ အမှားမရှိအောင် ပေးပို့ထားနိုင်ခဲ့တယ် ခင်ဗျာ။ ဘာစီလိုနာရဲ့ တိုက်စစ်လမ်းကြောင်းတွေကို ပုံဖော်ပေးနေခဲ့တဲ့ ဒီဂျောင်ပါ။

62 Min

ဖာတီနဲ့ မက်ဆီတို့ရဲ့ တွဲလုံးကတစ်ဆင့် မက်ဆီ ကန်သွင်းအဆုံးသတ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဘောလုံးက ဂိုးစည်းအပြင်ကို ထွက်သွားခဲ့ရပါတယ်။

60 Min

ဘာစီလိုနာအသင်းက ဒီပွဲကိုသာ အနိုင်ရသွားခဲ့ရင် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ ရီးယဲလ်အသင်းနဲ့ အမှတ်တူသွားမှာပါ။ ရီးယဲလ်အသင်းက မနက်ဖြန်မှာ ဆယ်လ်တာဗီဂိုအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး အဲဒီပွဲမှာသာ ရှုံးပွဲကြုံခဲ့ရင် ဘာစီလိုနာနဲ့ အမှတ်တူသွားတော့မယ် ခင်ဗျာ။

Updates

4 years 3 months ago
4 years 3 months ago
4 years 3 months ago
4 years 3 months ago
4 years 3 months ago

Pages

Mizzima Weekly