LIVE: ဘာစီလိုနာ ၂-၁ ဂီတာဖေး (Full-time)

15 February 2020
LIVE: ဘာစီလိုနာ ၂-၁ ဂီတာဖေး (Full-time)
La Liga February 15, 21:30

Barcelona
2-1 (FT)
Griezmann 33' Roberto 39' Angel Rodriguez 66
Stadium: Camp Nou
58 Min

ဘာစီလိုနာအသင်းရဲ့ အရန်စာရင်းမှာတော့ တိုက်စစ်ကစားသမားတွေ မရှိတော့ပဲ ရာကီတစ်၊ ဗီဒယ် တို့လောက်သာ အားကိုးရတဲ့ ကစားသမားအဖြစ် ရှိနေတာ ခင်ဗျာ။ ဒီလိုအခြေအနေမှာ အဓိက ကစားသမားတွေ ဒဏ်ရာမရဖို့က အရေးကြီးနေပြီး အထူးသဖြင့် တိုက်စစ်မှူးတွေ ဒဏ်ရာမရအောင် ကစားနိုင်ဖို့ လိုအပ်နေတာပါ။

56 Min

ပွဲချိန်ဒုတိယပိုင်းအစမှာလည်း ဘာစီလိုနာအသင်းက ဂီတာဖေးအသင်းရဲ့ ဖိအားပေး ကစားခြင်းကို ခံနေရပါတယ်။ ဂီတာဖေးက တိုက်စစ်မှူး မိုလီနာနေရာမှာ အိန်ဂျယ်၊ အိုလီဗီယာ နေရာမှာ ကန်နေဒီ တို့ကိုထည့်ပြီး ကစားကွက် အပြောင်းအလဲ ပြုလုပ်ထားတယ် ခင်ဗျာ။

54 Min

ဂီတာဖေးအသင်းက သူတို့ရဲ့ ဂိုးအများဆုံးသွင်းထားတဲ့ တိုက်စစ်မှူး အိန်ဂျယ် ကို ထည့်သွင်းကစားလိုက်ပြီ ခင်ဗျာ။

Yellow Card!!

ဘာစီလိုနာအသင်း နောက်ခံလူ အမ်တီတီ ကတော့ ဂီတာဖေးတိုက်စစ်မှူး မာတာနဲ့ ခေါင်းယှဉ်တိုက်ရာမှာ တံတောင်ကို သုံးခဲ့လို့ အဝါကတ် အပြခံလိုက်ရတယ် ခင်ဗျာ။ ဒါဟာ ဒီနေ့ပွဲစဉ်ရဲ့ ပထမဆုံး အဝါကတ်လည်း ဖြစ်ပါတယ်။

50 Min

ဂီတာဖေးအသင်းကစားသမားတွေကတော့ ဘာစီလိုနာအသင်း တိုက်စစ်မှူး မက်ဆီ ကို တားဆီးဖို့ ကြိုးစားရင်းနဲ့ ပြစ်ဒဏ်ဘောတွေ မကြာခဏ ပေးနေရတာကို တွေ့နေရတယ် ခင်ဗျာ။ မက်ဆီ ကို တားဆီးဖို့ကလည်း လှဲမချနိုင်ရင် မဖြစ်တာမို့ ပြစ်ဒဏ်ဘောအဖြစ်ခံပြီးကို ဖျက်ထုတ်နေကြရတာပါ။

Updates

4 years 3 months ago
4 years 3 months ago
4 years 3 months ago
4 years 3 months ago
4 years 3 months ago

Pages

Mizzima Weekly