လောင်းလုံးတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး "နှင်းဆီရောင်အမျိုး သမီးထု လှုပ်ရှားမှု" ပြုလုပ်

နိုဝင်ဘာလ ၁၃ ရက်

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းတွင် နှင်းဆီရောင်အမျိုးသမီးများ သမဂ္ဂ(ထားဝယ်)က ဦးဆောင်၍ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး "နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု" ပြုလုပ်ခဲ့ ကြောင်း ဦးဆောင်သူများထံက သိရသည်။

အဆိုပါလှုပ်ရှားမှုတွင် "စစ်အာဏာရှင်တွေရဲ့ လက်အောက်မှာ ပြည်သူလူထု တစ်ရပ်လုံးဟာ အဖိနှိပ်ခံတို့လွတ်မြောက်ဖို့ တရားမျှတမှုအတွက်သွေးစည်းစို့” ခေါင်းစဉ်ဖြင့် လမ်းလျှောက်ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

စာတည်း။ ။မောင်ကောင်း