နိုင်ငံကူးလက်မှတ် ပြဿနာကြောင့် တောင်အာဖရိကမှ ထွက်ခွာရန် အမိန့်ထုတ်ပြန် ခံရတဲ့ ရက်ပါ မော့စ်ဒက်ဖ်

နိုင်ငံကူးလက်မှတ် ပြဿနာကြောင့် တောင်အာဖရိကမှ ထွက်ခွာရန် အမိန့်ထုတ်ပြန် ခံရတဲ့ ရက်ပါ မော့စ်ဒက်ဖ်

နယူးယော့ခ်၊ ဇန်နဝါရီ ၁၇ ။               ။ အမေရိကန် ရက်ပါ မော့စ်ဒက်ဖ်သည် လူဝင်မှုကြီးကြပ်ရေး ဥပဒေများကို ချိုးဖောက်မှုအတွက်  ဖမ်းဆီးခံရပြီနောက် ၁၄ ရက်အတွင်း  တောင်အာဖရိကမှ ထွက်ခွာရန် အမိန့် ထုတ်ပြန်ခြင်း ခံခဲ့ရသည်။

တရားမဝင်သော စာရွက်စာတမ်းများဖြင့် နိုင်ငံအတွင်းမှ ထွက်ခွာရန် ကြိုးပမ်းခဲ့မှုကြောင့် ယခု အခါ ယာဆင်ဘေးဟု လူသိများသော မော့စ်ဒက်ဖ်ကို ကိပ်တောင်းမြို့ နိုင်ငံတကာလေဆိပ်တွင် ဇန်နဝါရီ ၁၅ ရက်က ထိန်းသိမ်းခဲ့သည်။

အသက် ၄၂ နှစ်အရွယ်ရှိ မော့စ်ဒက်ဖ်သည်  ကမ္ဘာလှည့်ဗီဇာဖြင့် သတ်မှတ်ထားသော ကာလထက် ကျော်လွန်ကာ နေထိုင်မှုကြောင့် ၂၀၁၃ ခုနှစ်ကလည်း ဖမ်းဆီးခံခဲ့ရကြောင်း  ပြည်ထဲ ရေး ဝန်ကြီးဌာနက ပြောကြားသည်။

မော့စ်ဒက်ဖ်သည် ယခုအခါ တောင်အာဖရိက အစိုးရ၏ ငါးနှစ်ကြာ တားမြစ်ပိတ်ပင်မှုကို ခံခဲ့ရသော်လည်း အယူခံ ဝင်ခွင့်ရှိသည်။ မော့စ်ဒက်ဖ်သည် ၂၀၁၃ ခုနှစ်က မေလက ကိပ်တောင်း မြို့တွင် နေထိုင်ခဲ့ကြောင်း တောင်အာဖိရိက မီဒီယာတစ်ခုက ပြောကြားသည်။

“ကိစ္စရပ်ကို စုံစမ်းစစ်ဆေးမှုတွေ ထပ်မံလုပ်ဆောင်ခဲ့ရာ မစ္စတာစမစ်ရဲ့ ဇနီး၊ မိခင်နှင့် သားသ မီး လေးယောက်တို့ဟာ သတ်မှတ်ထားတဲ့ ကာလကကို ကျော်လွန်နေထိုင်ခဲ့တယ်။ နိုင်ငံအတွင်း တရားမဝင် နေထိုင်ခဲ့တယ်” ဟု ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

မော့စ်ဒက်ဖ်သည် ဂရမ်မီဆု ခြောက်ဆုရရှိခဲ့သည့်အပြင် The Hitchhiker’s Guide to the Galaxy၊ Be Kind Rewind နှင့် The Italian Job အပါအဝင် ဇာတ်ကားများတွင် ပါဝင် သရုပ်ဆောင် ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required