အမျိုးသားများ ကျန်းမာသော သုတ်ရည် ရှိမရှိ သိနိုင်သော လက္ခဏာ ၆ ရပ်

အမျိုးသားများ ကျန်းမာသော သုတ်ရည် ရှိမရှိ သိနိုင်သော လက္ခဏာ ၆ ရပ်

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. K Zin Thwe | ရေးသားသူ Dr . Phyu Mon Latt

သင့်ရဲ့ လိင်ဆက်ဆံသူမှာ ကျန်းမာတဲ့ သုက်ရည်ရှိပါသလား။ ဒါဟာ အမျိုးသမီးတိုင်းရဲ့ စိတ်ထဲမှာ ရှိနေတဲ့ မေးခွန်းပဲဖြစ်ပါလိမ့်မယ်။ သုက်ပိုးရဲ့ အရည်အသွေးကို စစ်ဆေးကြည့်နိုင်တဲ့ ရိုးရှင်းတဲ့နည်းလမ်းမရှိပါဘူး။ အကောင်းဆုံးကတော့ ဆရာဝန်ကို သွားပြသင့်ပြီးတော့ အောက်ဖေါ်ပြပါ အချက်အလက်တွေကတော့ သင့်ကို ခန်းမှန်းဖို့အတွက် ကူညီပေးပါလိမ့်မယ်။

၁။ သူဟာ ငါးကြိုက်ပါတယ်။

ငါးဟာ သူ့အကြိုက်ဆုံး အစားအစာဖြစ်တယ်ဆိုရင် သူ့သုက်ပိုး အရည်အသွေးဟာ မြင့်မားဖို့ ရာခိုင်နှုန်းများပြီး ဒါကို အထောက်အကူ ဖြစ်စေမယ့် လေ့လာမှုတစ်ခု ရှိပါတယ်။ လေ့လာမှုတစ်ခုအရ ဟားဗတ်တက္ကသိုလ် က လေ့လာမှုတစ်ခုအရ ငါးအလွန်စားတဲ့ အမျိုးသားတွေဟာ အစားသူတွေထက်စာရင် သုက်ပိုးပါဝင်နှုန်း ၆၅ ရာခိုင်နှုန်း ပိုများကြတယ်လို့ ဆိုပါတယ်။ တကယ်လို့ သင့်ချစ်သူဟာ ငါးကြိုက်တယ်ဆိုရင်တော့ သူ့သုက်ရည်ဟာ အရည်အသွေးမြင့်မားနိုင်ပါတယ်။

၂။ သူဟာ အသင့်စားသုံးနိုင်ရန် စီမံထားတဲ့ အသားတွေကို အစားနည်းပါတယ်။

သူဟာ အသင့်စားသုံးနိုင်ရန် စီမံထားတဲ့အသားတွေကို သိပ်မစားဘူးဆိုရင် ကောင်းမွန်တဲ့ သုက်ရည်ရှိဖို့ အခွင့်အရေး များပြားပြီး သူ့ကို ထောက်ပံ့ပေးမယ့် သုတေသန တစ်ခုလည်း ရှိပါတယ်။ ဟားဗတ်တက္ကသိုလ် ရဲ့ သုတေသန တစ်ခုအရ စီမံထားတဲ့အသားတွေကို အစားဆုံးသူတွေဟာ မစားတဲ့သူတွေနဲ့ ယှဉ်ရင် ပုံမှန် သဏ္ဍာန်ရှိတဲ့ သုက်ပိုး အရေအတွက် နည်းပါးတယ်လို့ ဆိုပါတယ်။

၃။ သူ့မှာ တွဲကျနေတဲ့ ဗိုက်ရှိတယ်။

နယ်သာလန်က သုတေသီတွေက ခါး လက်မ ၄၀နဲ့ အထက်ရှိတဲ့ အမျိုးသားတွေဟာ သုက်ပိုးအရည်အတွက် နည်းပြီး ပုံမှန်အတိုင်း လှုပ်ရှားနိုင်တဲ့ ပမာဏလည်း နည်းပါးပါတယ်လို့ ဆိုပါတယ်။ သုတေသီတွေက ကိုယ်ခန္ဓါ အလယ်ပိုင်းမှာ ဒီလောက်ကိုယ်အလေးချိန်အများကြီး သယ်ဆောင်ထားရခြင်းဟာ သုက်ပိုး ထုတ်လုပ်မှုနဲ့ အရည်အသွေးကို လျော့ကျစေတယ်လို့ ဆိုပါတယ်။

၄။ တင်းကျပ်တဲ့ အောက်ခံဘောင်းဘီတွေကို မဝတ်ဘူး။

အမျိုးသားတစ်ယောက်ဟာ အရည်အသွေးကောင်းတဲ့ သုက်ပိုးတွေကို လိုချင်တယ်ဆိုရင် သူ့ရဲ့ ကပ်ပယ်အိတ် အပူချိန်က အရေးကြီးပါတယ်။ ချောင်ချောင်ချိချိရှိတဲ့ အောက်ခံဘောင်းဘီတွေဟာ ကျပ်တာတွေထက်စာရင် ကပ်ပယ်အိတ် အပူချိန်ကို လျော့ကျစေပါတယ်။ အင်္ဂလန်က လေ့လာမှုတစ်ခုက ဘောင်းဘီအပွ ဝတ်သူတွေဟာ အကျပ်ဝတ်သူတွေထက် အရည်အသွေးမကောင်းတဲ့ သုက်ရည် ထုတ်လုပ်မှု နည်းခြင်း ဖြစ်ပွားမှု ပိုနည်းစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူဝတ်တဲ့ အတွင်းခံဘောင်းဘီတွေဟာ လည်း အရေးကြီးပါတယ်။

၅။ အားကစားရုံဟာ သူအကြိုက်ဆုံး နေရာပါပဲ။

သင့်ချစ်သူဟာ လေ့ကျင့်ခန်းလုပ်သူဆိုရင် သူ့မှာ အရည်အသွေးကောင်းတဲ့ သုက်ရည် ရှိနေနိုင်ပါတယ်။ ဟားဗတ်က သုတေသီတွေက အလယ်အလတ် (သို့) အပြင်းအထန် တစ်ပတ်ကို ၁၅ နာရီထက်ပိုပြီး လေ့ကျင့်ခန်းပြုလုပ်သူတွေဟာ လုံးဝ လေ့ကျင့်ခန်း မလုပ်သူတွေနဲ့ စာရင် သုက်ပိုးပမာဏဟာ ၇၃ ရာခိုင်နှုန်း ပိုမိုမြင့်မားတယ်လို့ ဆိုပါတယ်။

၆။ သူဟာ ကြည့်လို့ မကောင်းပါဘူး။

ယောက်ျားပီသတဲ့ ရုပ်ရည်ဟာ ခါးအောက်ပိုင်းအလုပ်တွေအတွက် မကောင်းပါဘူးလို့ လေ့လာမှု အသစ်တစ်ခုက ဆိုပါတယ်။

စပိန် နဲ့ ပြင်သစ် သုသေတီတွေက လူအများလိုချင်တဲ့ ရုပ်ရည် ရှိသူတွေဟာ ပုံမှန် မိန်းမဆန်တဲ့ ရုပ်ရည် ရှိသူတွေထက် သုက်ရည် အရည်အသွေးပိုမို နိမ့်ပါးတယ်လို့ ဆိုပါတယ်။

ဖြစ်နိုင်ခြေတစ်ခုကတော့ tradeoff hypothesis လို့ ခေါ်တဲ့ သီအိုရီတစ်ခုဖြစ်ပါတယ်။ အရှင်းလင်းဆုံးပြောရမယ်ဆိုရင် မျိုးပွားနိုင်တဲ့ အရင်းအမြစ်အတွက် အမျိုးသားတွေမှာ သတ်မှတ်ထားပြီးသား စွမ်းအင်ပမာဏ ရှိပါတယ်။ ဒီစွမ်းအင်ဟာ မတူညီတဲ့ အစိတ်အပိုင်းတွေဆီကို ခွဲဝေပေးရပါတယ်။

အမျိုးသားတစ်ယောက်ဟာ သုက်ရည် ထွက်ရှိမှုပေါ်မှာ အရင်းအမြစ်တွေ ပိုသုံးနေခဲ့တယ်ဆိုရင် သူဟာ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု ရှိတဲ့ ရုပ်ရည် ရှိဖို့ အခွင့်အလမ်းနည်းပါးပါတယ်လို့ Jukka Kekäläinen က ဆိုပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly