COVID-19 ကြောင့် သက်ကြီးလူနာတစ်ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၈ ရက်

ရန်ကုန်မြို့ ဝေဘာဂီဆေးရုံတွင် ဆေးကုသမှုခံယူနေရသော အသက် ၇၈ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ COVID-19 ကြောင့် စနေနေ့နံနက်တွင် သေဆုံးသွားရာ မြန်မာနိုင်ငံတွင် စုစုပေါင်း သေဆုံးသူ ငါးဦးရှိသွားပြီဖြစ်သည်။
 
 ဧပြီ ၁၇ ရက်က ဓာတ်ခွဲအတည်ပြုခဲ့သော လူနာသုံးဦးအနက်မှ တစ်ဦးဖြစ်သော လူနာ အမှတ် (၈၆) သည် ယနေ့နံနက် ၂ နာရီ ၅၅ မိနစ်တွင် ကွယ်လွန်သွားကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန် သည်။

ကွယ်လွန်သူသည် ဧပြီလ ၁၃ ရက်တွင် ရောဂါလက္ခဏာများ ခံစားရသဖြင့် နောက်နှစ်ရက်အကြာတွင် အင်းစိန်ပြည်သူ့ ဆေးရုံကြီး၌ စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူခဲ့သူဖြစ်သည်။

" ပြင်းထန် အဆုတ် ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်းနှင့် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါ အခံရှိခြင်း" ဟု ကျန်းမာရေး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

 မြန်မာနိုင်ငံတွင် COVID-19 အတည်ပြု လူနာ စုစုပေါင်း ၉၄ ဦးရှိ၍ ပျောက်ကင်းသူ ငါးဦးနှင့် သေဆုံးသူ ငါးဦးရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required