ကန့်ဘလူမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီနှင့် NLD ပါတီတို့၏ ဆိုင်းဘုတ်များ ဖျက်ခံရ

ကန့်ဘလူမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီနှင့် NLD ပါတီတို့၏ ဆိုင်းဘုတ်များ ဖျက်ခံရ

ကန့်ဘလူမြို့နယ် ပိတောက်ပင်ကျေးရွာတွင် အောက်တိုဘာ ၂၉ရက်က NLD ပါတီနှင့် ပြည်ခိုင်ဖြိုး ပါတီ ဆိုင်းဘုတ်များ ဖျက်ဆီးခံခဲ့ရမှုအား ပါတီများက လာရောက်တိုင်ကြားပါက အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ကန့်ဘလူမြို့နယ်ချပ်သင်းရဲကင်းစခန်းမှူး ရဲအုပ်လှိုင်ဝင်းအောင်နှင့် အဖွ့ဲမှ သွားရောက် စစ်ဆေးခဲ့ကြပြီး ကာယကံရှင်ပါတီများမှ လာရောက်တိုင်ကြားပါက အရေးယူဆောင်ရွက်သွားရန် စီစဉ်ထားရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ပိတောက်ပင်ကျေးရွာနေ ဦးလှဝင်း၏ နေအိမ်ခြံစည်းရိုးဘေးတွင် စိုက်ထူထားသော ကြံ့ခိုင်ရေးပါတီ၏ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ပုံနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ဓါတ်ပုံများပါသော (၉x၄)ပေအရွယ်ရှိ ဗီးနိုင်းစဖြင့် ပြုလုပ်ထားသောဆိုင်းဘုတ် အောက်ခြေတစ်ပေ ပတ်လည်ခန့် စုတ်ပြဲ ဖျက်ဆီးခံရခြင်းဖြစ်သည်။

ထို့အပြင် ဦးသောင်းနိုင်၏ နေအိမ်ခြံစည်းရိုး ဘေးတွင် စိုက်ထူထားသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပုံနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း(၃)ဦး ပုံပါ(၉x၅)ပေအရွယ်ရှိ ဗီနိုင်းစဖြင့် ပြုလုပ်ထားသော ဆိုင်းဘုတ်အလယ်တွင် ၅ ပေခန့် စုတ်ဖြဲ ဖျက်ဆီးခံရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly