၀န်းသိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရ

၀န်းသိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရ

ဝန်းသိုမြို့နယ်တွင်  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ် လောင်းများ၏ မဲဆွယ ်ဗီးနိုင်းဆိုင်းဘုတ်များ အောက်တိုဘာ ၁၂ ရက်နေ့က ဖျက်ဆီးခံခဲ့ရကြောင်း တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဝန်းသိုမြို့နယ် ရွှေဝန်းသီတာရပ်ကွက်၊ အရှေ့ဈေးလမ်းနှင့် ကုန်းတာ လမ်းဆုံတွင် စိုက်ထူထားသော (၅x၃)ပေရှိ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ် ဗီနိုင်းဆိုင်းဘုတ် ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ  မဲဆွယ် ကြော်ငြာဆိုင်းဘုတ်ရှိ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများ၏ ခေါင်းပိုင်းများအား ဓါးဖြင့်ရစ်ဝိုင်းဖြတ်တောက်ကာ ဖျက်ဆီးထားခဲ့ခြင်း ဖြစ်ကြောင်း တိုင်းရဲမှုခင်း မှတ်တမ်းတွင် ဖေါ်ပြသည်။

ထို့ကြောင့် တရားခံအား စုံစမ်း ဖော်ထုတ်အရေးယူပေးပါရန် ဝန်းသိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အလုပ်မှုဆောင် ဦးကြည်လင်းမှ တရားလိုပြုလုပ် တိုင်းတန်းသဖြင့် ဝန်းသိုမြို့မရဲစခန်း(က+ခ) ပုံစံဖြင့် မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထာခဲ့ရာ မြို့နယ် တရားရုံးမှ ရာဇသတ်ကြီး အမှုအမှတ်(၁၈၄/၂၀၁၅)ဖြင့် လက်ခံစစ်ဆေး ဆောင်ရွက် လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly