ခြေသလုံးနောက်နားလေးမှာ အကြောပြတ်ရာ အဖြူတွေ ရှိနေလို့ စိတ်ညစ်နေလား

ခြေသလုံးနောက်နားလေးမှာ အကြောပြတ်ရာ အဖြူတွေ ရှိနေလို့ စိတ်ညစ်နေလား

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    

စကတ် ၊ ဘောင်းဘီတိုတိုလှလှလေးတွေ ဝတ်မယ်ဆိုတိုင်း ခြေသလုံး ဒူးနောက်နားမှာရှိတဲ့ အကြောပြတ်ရာ အဖြူလေးတွေကြောင့် ယုံကြည်မှု ရှိရှိမဝတ်ရဲ့တဲ့ အခြေအနေတစ်ခု ရောက်နေပြီလား။ အကြောပြတ်ရာတွေဆိုတာ နာကျင်တဲ့ဝေဒနာတွေကို မဖြစ်စေပေမယ့် အလှအပရှုထောင့်ဘက်က ကြည့်မယ်ဆိုရင် အကျည်းတန်တဲ့အရာတွေပါ။ ဒီလို အကြောပြတ်ရာအဖြူတွေ ဘာ့ကြောင့် ဖြစ်ရတာလဲ ။
အကြောပြတ်ရာတစ်ခု ဘယ်လိုနည်းလမ်းနဲ့ စပေါ်လာတာလဲ ။ ။

အရေပြားမှာရှိတဲ့ dermis layer ဆိုတာ အရေပြားတစ်ခု ကျုံ့နိုင် ဆန့်နိုင်မှုကို ထိန်းချုပ်တဲ့နေရာတစ်ခုပါ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန် လေ့ကျင့်ခန်းလုပ်တဲ့အချိန်နဲ့ ပြင်းပြင်းထန်ထန် လှုပ်ရှားတဲ့အချိန်တို့မှာ dermis layer ထိခိုက်သွားပြီး အရေပြားအောက်မှာရှိတဲ့ ကော်လာဂျင်တွေ ပြတ်သွားတတ်ပါတယ်။ အဲလိုနဲ့ အကြောပြတ်ရာတွေ စပေါ်လာရတာပါ။ ဒီလိုအကြောပြတ်ရာတွေဖြစ်တတ်တဲ့နေရာကတော့

  •     တင်ပါး
  •     လက်မောင်းအောက်
  •     ရင်သား
  •     ပေါင်နဲ့
  •     ခြေသလုံးအနောက်ပိုင်းတို့ပဲဖြစ်ပါတယ်။

ဒီအထဲမှာ မိန်းကလေးတွေ စိတ်အညစ်ရဆုံးက ခြေသလုံးနောက်ပိုင်းက အကြောပြတ်ရာ အဖြူတွေ ဖြစ်ပါတယ်။
ဒါတွေကတော့ ခြေသလုံးအကြောပြတ်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ။

အရွယ်ရောက်ချိန် ကိုယ်ခန္ဓာဖွံ့ဖြိုးလာတဲ့အခါ ။ ။

ခြေသလုံးက အကြောပြတ်ရာ အများစုဟာ ရုတ်တရက် ကိုယ်အလေးချိန်အပြောင်းအလဲဖြစ်တဲ့ အချိန်တွေဖြစ်တဲ့ အရွယ်ရောက်ခါစနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ကြံုံတွေ့ရတတ်တဲ့ ပြဿနာပါ။ ခြေသလုံးက အကြောပြတ်ရာတွေက ကန့်လန့်စင်းဆိုရင် အရပ်ရှည်လာတာကြောင့် ဖြစ်တာဖြစ်ပြီး အကြောပြတ်ရာတွေက ဒေါင်လိုက်ဖြစ်နေမယ်ဆိုရင်တော့ ရုတ်တရက် ကိုယ်အလေးချိန်တက်လာတာ၊ ခြေသလုံးမှာ အဆီတွေစုပြီး ကြွက်သားတွေ ကြီးလာတာကြောင့် ဖြစ်နိုင်ပါတယ်။
ကြွက်သားတက် အောင် လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်တဲ့အခါ ။

ကိုယ်ခန္ဓာအောက်ပိုင်းကို ကြံ့ခိုင်အောင် ဝိတ်မတဲ့အခါ၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်တဲ့အခါမျိုးတွေမှာ ခြေသလုံးမှာ အကြောပြတ်ရာအဖြူလေးတွေ သိသိသာသာရှိနေတတ်ပါတယ်။ အထိုိင်အထမှာ အရေပြားရဲ့ကျုံ့အားဆန့်အား မြန်မြန်လုပ်ရတာနဲ့ နောက်ပိုင်း ကြွက်သားတက်လာတာကြောင့် ဒီလို အကြောပြတ်ရာတွေ ဖြစ်ရတာပါ။
မျိုးရိုးကလည်း အကြောပြတ်ခြင်းတွေကို ဖြစ်စေတဲ့အကြောင်းအချက်တွေထဲက တစ်ခုပါ။

အရေပြားအရောင်၊ ကျုံနိုင်ဆန့်နို်င်အား၊ ကိုယ်တွင်း ကော်လာဂျင် တွေနဲ့ ဟော်မုန်းအပြောင်းအလဲဆိုင်ရာ မျိုးရိုးဇီဇတွေဟာ အကြောပြတ်ခြင်းကို ဖြစ်စေတဲ့အကြောင်းအချက်တွေပါ။ မဲတဲ့အသားထက် ဖြူတဲ့အသားအရေမှာ အကြောပြတ်ရာတွေ ပိုဖြစ်နိုင်ပြီး အသားစိုပြေနေတဲ့သူတွေထက် အသားခြောက်တဲ့သူတွေက ပိုဖြစ်နိုင်ပါတယ်။

ပန်းရောင်၊ အဖြူရောင် ခရမ်းရောင် အ ကြောပြတ်ရာ တော်တေ်ာများများ တစ်ခါဖြစ်ဖူးပြီးရင် တစ်သက်လုံ းရှိနေမယ့် အရာတွေပါ။ ဒါပေမယ့် အချိန်ကြာလာရင်တော့ မှိန်သွားပါလိမ့်မယ်။ ။

ဒီတော့ ဖြစ်နေတဲ့ အကြောပြတ်ရာတွေ မှိန်သွားအောင် လုပ်လို့ရတဲ့နည်းလေးတွေ မရှိဘူးလား ။ ။

အကြောပြတ်ရာ သက်သာစေမယ့် နည်းလမ်းလေးတွေ ။ ။

  •    
    အာဟာရ မျှတအောင်စားပါ။ ဗီတာမင် နဲ့ သတ္တုဓာတ်စုံလင်တဲ့ အစားအသောက်တွေစားပေးရပါမယ်။ အထူးသဖြင့် အသားအရေအတွက် အရေးကြီးတဲ့ ဗီတာမင် A,C,E တို့လိုပေါ့။
  •     အာဟာရပြည့်နေရုံနဲ့တင် မပြီးသေးပါဘူး။ ရေဓာတ်ပြည့်ဝနေဖို့လည်း အရေးကြီးပါတယ်။
  •     တကယ်လို့ ကိုယ်က ကြွက်သားတက်အောင် ဆော့နေတဲ့သူဆိုရင် တဖြည်းဖြည်း အချိန်ယူပြီးမှ တက်အောင် ဆော့သင့်ပါတယ်။ အချိန်တိုအတွင်း မြန်မြန်တက်အောင် မဆော့ပါနဲ့။
  •     စတီးရွိုက်ပါတဲ ့ဆေးတွေက အကြောပြတ်ရာတွေကို ဖြစ်စေတဲ့အတွက် သူတို့ပါတဲ့ဆေးတွေကို ရှောင်ပါ။
  •     အကြောပြတ်ရာတွေကို သက်သာစေတဲ့ဆေးတွေ လည်း ဝယ်လိမ်းလို့ရပါတယ်။
  •     နောက်ဆုံး မသက်သာတဲ့အဆုံး ဆရာဝန်နဲ့တိုင်ပင်ပြီး လေဆာနဲ့ကုသတာမျိုးတွေ လုပ်လို့ရပါတယ် ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly