ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
မိန်းကလေးတစ်ယောက်အတွက်တော့ မိန်းမကိုယ် ကျန်းမာရေး သန့်ရှင်းရေးဆိုတာ အင်မတန်မှ အရေးကြီးတဲအ့ရာတစ်ခုပါ။ ဒီတိုင်းရေချိုး ပုံမှန်သန့်ရှင်းရေးတွေ လုပ်နေရင် မိန်းမကိုယ်သန့်ရှင်း သယောင်ယောင်ရှိတယ်ထင်ရပေမယ့် မထင်မှတ်ထားတဲ့ သင့်အပြုအမူတွေကနေ မိန်းမကိုယ်ပိုးဝင်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဘယ်လို အပြုအမူတွေလဲဆိုတာ ကြည့်ရအောင် ။ ။
( ၁ ) အတွင်းခံဝတ်ပြီး အိပ်တာ ။
အတွင်းခံ ဆိုတာ မိန်းမကိုယ် ပိုးမဝင်အောင် တားဆီးတဲ့နေရာမှာအဓိက အကျဆုံးဖြစ်ပေမယ့် ညဘက် အိပ်ရာဝင်ချိန်မှာတော့ အတွင်းခံဝတ်ပြီး မအိပ်တာ အကောင်းဆုံးပါ။ အတွင်းခံဝတ်အိပ်တဲ့အခါ အောက်ဆီဂျင်ထိတွေ့တာ နည်းသွားပြီး ပိုးဝင်ဖို့ ပိုအခွင့်အလမ်းများသွားနိုင်ပါတယ်။
( ၂ ) gym မှာဆော့ထားတဲ့ ချွေးစို အတွင်းခံတွေကို အကြာကြီးဝတ်ထားတဲ့အခါ
တစ်ချို့ရှိပါတယ်။ gym မှာ ကစားပြီး ချွေးစိုတဲ့ အတွင်းခံတွေကို အချိန်အကြာကြီး ဝတ်ထားတာမျိုးပေါ့။ ဒီလို ချွေးစိုနေတဲ့အတွင်းခံကို အချိန် အကြာကြီး ဝတ်ထားခြင်းဟာ အနံ့အသက်ကို မကောင်းစေတဲ့အပြင် မိန်းမကိုယ် မှိုစွဲတာ၊ ဘက်တီးရီးယားပိုးတွေဝင်တာနဲ့၊ ချွေးလောင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
( ၃ ) လစဉ်သုံးပစ္စည်းတစ်ခုတည်းကို တစ်နေ့လုံးသုံးတာ။
လစဉ်သုံးပစ္စည်းဆိုတာ သွေးတွေ အညစ်အကြေးတွေ ဘက်တီးရီးယားတွေ အများကြီးရှိတဲ ့နေရာတစ်ခုဖြစ်တာကြောင့် ရာသီလာချိန် သူတို့ကို ၆ နာရီတစ်ခါ ပုံမှန်လဲပေးသင့်ပါတယ်။ မဟုတ်ရင် မိန်းမကိုယ်ထဲ ပိုးအလွယ်တကူဝင်သွားပါလိမ့်မယ်။
( ၄ ) ဆီးခုံမွေး မကြာခဏ ရိတ်ခြင်း။
ဆီးခုံမွေး မကြာခဏ ရိတ်တာ၊ ဖယောင်းနဲ့ အမွှေးချွတ်တာတွေဟာ မွေးညှင်းအိတ်ရောင်ခြင်းကို ဖြစ်စေပြီး ဆီးခုံပတ်လည် ပိုးဝင်တာမျိုး
( ၅ ) စိတ်ဖိစီးမှုများတာ
စိတ်ဖိစီးမှု များလွန်းတဲအ့ခါ ကိုယ်တွင်းဖြစ်စဉ်တွေ၊ ဟော်မုန်းတွေ အားလုံး ကမောက်ကမဖြစ်ကုန်တာကြောင့် မိန်းမကိုယ်တွင်းက ညီမျှတဲ့ pHတွေပါ လိုက်ပြောင်းလဲပြီး မိန်းမကို်ယ်ယားယံတာ၊ ပိုးဝင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
( ၆ ) သကြားအစားများတာ။
သကြားဟာ မိန်းမကိုယ်မှိုစွဲခြင်းကို အဓိကဖြစ်စေတဲ့ yeast infections တို့ အကြိုက်ပါ။ ဒါ့ကြောင့် အချိုများများစားလေလေ မိန်းမကိုယ်ပိုးဝင်ပြီး မှိုစွဲတဲ့ ပြဿနာ ပိုဖြစ်လေလေပါ။
( ၇ ) ဒိန်ချဉ်လိုမျိုး probiotics ကြွယ်ဝတဲ့ အစားအစာတွေ မစားတာ။
Probiotics ဆိုတာ မိန်းမကိုယ်အတွင်းမှာ ရှိတဲ့ အကျိုးပြုဘက်တီးရီယား prebiotics တွေကို အာဟာရဖြစ်စေတဲအရာပါ။ ဒ့ါကြောင့် မိန်းမကိုယ်လေးကျန်းမာချင်ရင် ဒိန်ချဉ်လိုမျိုး probiotics ကြွယ်ဝတဲ့ အစားအစာတွေ စားကိုစားပေးရပါမယ်။ ။