ကားမမူးအာင် လေ့ကျင့်လို့ရပါသလား

ကားမမူးအာင် လေ့ကျင့်လို့ရပါသလား

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

မခံစားဖူးတဲ့သူတွေကတော့ မသိပေမယ့် ခံစားဖူးတဲ့သူတွေအတွက်ကတော့ ကားမူးတယ်ဆိုတာ အတော့်ကိုခံစားရခက်တဲ့ ဝေဒနာတစ်ခုပဲနော်။ တစ်ချို့ဆို ကားမူးတတ်လွန်းလို့ ခရီးသွားရမှာ ကြောက်ပြီး ကိုယ့်မြို့ကနေ အခြားဘယ်ကိုမှ ခရီးမထွက်တဲ့သူတွေရှိပါတယ်။ အိမ်ထဲမှာပဲနေပြီး အခြားကမ္ဘာကြီးရဲ့ လှပတဲ့နေရာကို မရောက်ဖူးရင်တော့ ဘယ်မှာ သွားပြီး လူဖြစ်ရကျိုးနပ်မလဲနော်။ ကားမူးတဲ့ဝေဒနာကိုလည်း ကြောက်တယ် ခရီးတွေလည်း သွားချင်တယ် ဒီတော့ ကားမမူးတတ်အောင်များ လေ့ကျင့်လို့ရမလား။  ။
ကားဘာ့ကြောင့် မူးရတာလဲ ။ ။

ကားမူးတတ်ဆိုတာ ကားရဲ့လှုပ်ရှားမှုနဲ့ လိုက်ပြီး မျက်စိကမြင်ရတဲ့ အချက်ပြစနစ်တွေကို ဦးနှောက်ဆီပေးပို့ချက်နဲ့ ကိုယ်ခန္ဓာရဲ့ဘယ်ညာအရှေ့အနောက် လှုပ်ရှား၊ရွေ့လျားမှုဖြစ်စဉ်ကို နားတွင်းအင်္ဂါအစိတ်အပိုင်းက ပို့လွှတ်တဲ့ပေးပို့ချက်တို့ သဟဇာတမဖြစ်တာကြောင့် မူးဝေ အော့အန်တာဖြစ်ပါတယ်။
ကားမမူးအောင် လေ့ကျင့်လို့ရလား ။ ။

ကိုယ်ခန္ဓာပေါ်မှာရှိတဲ့ ဘယ်အရာမှ လေ့ကျင့်လို့မရဘူးဆိုတာမရှိပါဘူး။ ဒါ့ကြောင့် မျက်စိအမြင်အာရုံနဲ့ နားအတွင်းအဂါင်္တို့နဲ့ဆိုင်တဲ့ ကားမူးခြင်းဟာလည်း မမူးအောင် လေ့ကျင့်လို့ရတဲ့အရာတစ်ခုပါ။
ဘယ်လိုလေ့ကျင့်ကြမလဲ ။ ။

ကားမမူးအောင် လေ့ကျင့်တဲ့နေရာမှာ အရေးအကြီး နှစ်ချက်က စိတ်နဲ့ အတွေ့အကြုံပဲဖြစ်ပါတယ်။

ကားမူးတယ်ဆိုတဲ့ဖြစ်စဉ်မှာ စိတ်ရဲ့ လွှမ်းမိုးမှုလည်း အများကြီးပါပါတယ်။ ကားပေါ်တက်လိုက်ပြီဆိုတာနဲ့ ကားမူး တော့မှာပဲ ဆိုတဲ့ အကြောင်းချည်းသားတွေးနေလို့ကတော့ ကားမူးမှာ အသေအချာပါ။  ဒီတော့ ကိုယ့်စိတ်ကို ပြင်ဆင်ရမယ့် အချက်လေးတွေရှိပါတယ်။  ။   

  • ကားပေါ်တက်လိုက်ပြီဆိုတာနဲ့ အတတ်နိုင်ဆုံး ကားမူးရင် ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးကို ဖျောက်ထားပါ။
  •  ပြတင်းပေါက်အခြမ်းမှာ ထိုင်ပြီး ပတ်ဝန်းကျင်ကို ကြည့်ပါ။ စိတ်နည်းနည်း လန်းဆန်းတာပေါ့။
  • စိတ်ကို အခြားနေရာပို့တဲ့အနေနဲ့ သီချင်း  တွေနားထောင်ပါ။
  • စိတ်ပြောင်းအောင်ဆိုပြီး ကားစီးနေတုန်း ဖုန်းမပွတ်ပါနဲ့။ ပိုမူးတတ်လို့ပါ။

များများကားစီးပေးပါ။ ကားမူးတတ်ပါတယ်ဆိုမှ များများ ကားစီးရမယ်ဆိုတော့ ဖြစ်နိုင်ပါ့မလား။ ဟုတ်ပါတယ်။ ကားများများစီးပေးပါ။ ဒါမှ မူးတာကို ကျင့်သားရသလိုဖြစ်သွားပြီး မမူးအောင် ဘယ်လိုတွေ ပြင်ဆင်သွားရမလဲဆိုတဲ့ အတွေ့အကြုံတွေကို တစ်ခေါက်ထပ်တစ်ခေါက် ပိုပိုရလာမှာပဲဖြစ်ပါတယ်။ ဘယ်လိုတွေများ ပြင်ဆင်သွားသင့်လဲ ။ ။

  •     ကားမစီးခင် အစားကို သင့်ရုံသားစားပါ။ ဗိုက်ဟောင်းလောင်းက ကားပိုမူးစေသလို အရမ်းကြီး ဗိုက်တင်းနေရင်လည်း ကားမူးတတ်ပါတယ်။ နောက်တစ်ခုက အနံ့ပြင်းပြီး အဆီများတဲ့ အစားအသောက်တွေကို ရှောင်ဖို့လိုပါတယ်။
  •     အသီးအနှံလေးတွေ ဆောင်သွားပါ။ မူးတဲ့အခါ ပြန်လန်းအောင် ကိုယ်ကြိုက်တဲ့ သစ်သီး အနံ့လေးကို ရှူပေးလို့ရတာပေါ့။
  •     ညဘက်အိပ်ရေးဝအောင် အိပ်ထားပါ။ အိပ်ရေးမဝရင် အိမ်မှာထိုင်နေရင်းနဲ့ သူ့အလိုလိုတောင် မူးနေတတ်တယ်မလား။
  •     နောက်ဆုံးနဲ့ အရေးအကြီးဆုံးကတော့ ကားမူးပျောက်ဆေးသောက်သွားတာဖြစ်ပါတယ်။ အရင်တုန်းက ကားမူးပျောက်ဆေးဆိုတာ မသိခဲ့ပေမယ့် ကားစီးပါများတဲ့အခါ အခြားသူပြောတာတွေကြားပြီး ကားမူးပျောက်ဆေးရှိတယ်ဆိုတာ သိလာပါလိမ့်မယ်။ အတွေ့အကြုံက စကားပြောတယ်ဆိုတာ ဒါမျိုးပေါ့။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly