သင်္ဘောရွက်အကြောင်း တစေ့တစောင်း

သင်္ဘောရွက်အကြောင်း တစေ့တစောင်း

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


သဘာဝတရားကြီးက သက်ရှိတွေကို အကောင်းဆုံးတွေပဲပေးထားတာပါ။ သဘာဝမှာ အလေ့ကျလိုပေါက်လာတဲ့ အပင်တွေကလည်း ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက အကောင်းဆုံးအထောက်အပံ့ပေးနေပါတယ်။ ဒီတစ်ခေါက်တော့ ကျန်းမာရေအတွက် အထောက်အပံ့ပေးတယ်ဆိုတဲ့ သင်္ဘောရွက်လေးအကြောင်းပြောပြပေးချင်ပါတယ်။
သင်္ဘောရွက်

ထွေထွေထူးထူးပြောနေစရာမလိုအောင် မြင်ဖူးကြမှာပါ။ သဘောင်္ပင်ရဲ့ အရွက်ရဲ့ခပ်ဖားဖား စိမ်းစိမ်းအရွက်တွေပါ။ အာရှတိုက်သေတော်တော်များများနဲ့ အမေရိကတိုက်တို့မှာတွေ့ရနိုင်ပါတယ်။ သဘောင်္ပင်က အသီးကိုစားလို့ရသလို အရွက်နုနုလေးတွေကိုလည်း သုပ်စားတာဖြစ်ဖြစ် လက်ဖက်နဲ့စားတာဖြစ်ဖြစ် စားလို့ရပါတယ်။ သင်္ဘောရွက်မှာ အာဟာရဓာတ်တွေကြွယ်ဝစွာပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းကြွယ်ဝပါတယ်။  ဆေးဖက်ဝင်သလို ဟင်းလာတစ်ခုအဖြစ်နဲ့တောင် စားသုံးလို့ရတဲ့ အရွက်တစ်မျိုးပါ။ သဘောင်္ရွက်မှာပါတဲ့ ပါပါအင်ဆိုတဲ့ဓာတ်နဲ့ အခြားသော အကျိုးပြုအင်ဇိုင်းတွေပါဝင်နေပါတယ်။
ကျန်းမာရေးအတွက် ဘယ်လိုများအထောက်အကူပြုလဲ

အာဟာရဓာတ်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝတဲ့ သင်္ဘောရွက်က အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။ သင်္ဘောရွက်မှာပါတဲ့ ပါပါအင်ဆိုတဲ့ ဓာတ်က အဆီတွေ၊ကာဗိုဟိုက်ဒရိတ်တွေ ပရိုတင်းတွေကို ဖြိုခွဲပေးပြီး အဆီပိုတွေကိုဖယ်ရှားပေးသလို အစာခြေစနစ်ကို ကျန်းမာအောင်ထောက်ပ့့ံပေးပါတယ်။ ပါတိန်းလို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုးက ကပ်ပါးပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

အစာကြေစေနိုင်တယ်

သင်္ဘောရွက်မှာပါတဲ့ chymopapain၊ papain၊ protease နဲ့ amylase တို့လိုမျိုး အင်ဇိုင်းတွေပါဝင်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အစာအိမ်အနာရှိသူတွေအတွက်လည်း သင့်တော်ပါတယ်။ နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်တာကြောင့် အစာအိမ်နဲ့ အူမကြီးရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။

ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးတယ်

သင်္ဘောရွက်မှာပါတဲ့ acetogenin လို့ခေါ်တဲ့ ဒြပ်ပေါင်းက အဆုတ်၊ ပန်ကရိယ နဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေတို့ကို လျှော့ကျစေနိုင်ပါတယ်။ ကင်ဆာဖြစ်နေသူတွေအတွက်လည်း အထောက်အကူပြုပေးနိုင်ပါတယ်။

အသည်းကျန်းမာစေနိုင်ပါတယ်

အသည်ကို သန့်စင်ပေးခြင်းက အသည်းထိခို်ကနိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။ အသည်းသန့်စင်ပေးနိုင်တဲ့ သဘာယပစ္စည်းအများအပြားထမြျာ သဘေ်ာရွက်ကလည်း တစ်ခု အပါအဝင်ပါ။ ဒါကြောင့် အသည်းကျန်းမာပြီး အသည်းရောဂါကင်းစေဖို့အတွက်က သဘာဝဆေးဖက်ဝင်စားစရာတစ်ခုဖြစ်တဲ့ သင်္ဘောရွက်ကို စားပေးလို့ရပါတယ်။

ရာသီလာစဉ် နာကျင်မှုကို သက်သာစေနိုင်တယ်

ရာသီလာစဉ်နာကျင်ကိုက်ခဲမှုက ပျိုမေလေးတို့ကို တော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်စေတာပါ။ဒီပြဿနာကို ကင်းစေဖို့က ဟော်မုန်းတွေကို ထိန်းညှိနိုင်ဖို့လိုပါမယ်။ ကိုယ်တွင်းဟော်မုန်းပမာဏကို ထိန်းညှိပေးပြီး ရာသီလာစဉ်နာကျင်ကိုက်ခဲမှုသက်သာစေဖို့ဆိုရင်တော့ သင်္ဘောရွက်လေးက အသုံးတည့်မှာ အသေအချာပါ။

နှင်းခူသက်သာစေနိုင်တယ်

အရေပြား ပြဿနာတစ်ခုဖြစ်တဲ့ နှင်းခူသက်သာစေနိုင်ဖို့အတွက် သင်္ဘောရွက်ကို အသုံးပြုပေးလို့ရပါတယ်။ နှင်းခူဖြစ်နေတဲ့ နေရာပေါ်ကို ဆေးကြောသန့်စင်ထားတဲ့ သဘောင်္ရွက်ကိုကြိတ်ခြေပြီး အရည်ဆွတ်လို့ ကပ်ပေးမယ်ဆိုရင် နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး နှင်းခူကိုပျောက်ကင်းစေမှာပါ။

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်

အစာခြေစနစ်မှာ အကျိုးမပြုဘက်တီးရီးယားတွေ များနေတာက ခန္ဓာကိုယ်ကျန်းမာမှုကို တော်တေ်ာလေးထိခိုက်စေနိုင်တာပါ။ သင်္ဘောရွက်မှာပါတဲ့ ဒြပ်ပေါင်းတွေက ကိုယ်တွင်းကအကျိုးပြုဘက်တီးရီးယားတွေရော၊ အကျိုးမပြုဘက်တီးရီးယားတွေကိုပါ ဟန်ချက်ညီမျှတအောင် ထိန်းညှိပေးနိုင်ပါတယ်။  အူတွင်းအကျိုးပြုဘက်တီးရီးယားအရေအတွက် တိုးပွားစေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။

ဆံသားကျန်းမာစေနိုင်တယ်

သင်္ဘောရွက်မှာပါတဲ့ ဓာတ်တွေက ဦးရေပြားကို အာဟာရဖြည့်ပေးပြီး ဆံသားကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ဗောက်မထအောင် ကာကွယ်ပေးပါတယ်။

အသားအရေကျန်းမာစိုပြေစေတယ်

ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုကြောင့် အသားအရေကို ထိခိုက်ပျက်စီးမှုလျှော့ချပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ အရေပြားမှာ ဆဲလ်သစ်တွေကို ဖြစ်ပေါ်စေနိုင်တယ်။ အရွယ်တင်နုပျိုစေနိုင်တဲ့ အာနိသင်ရှိပါတယ်။

အားအင်ပြည့်ဖြိုးစေတယ်

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကိ ဖြည့်ပေးပြီး အဆိပ်အတောက်တွေကိုဖယ်ရှားပေးပါတယ်။ သွေးစီးဆင်းမှုကောင်းမါန်စေပြီး ခနဒ`ာကိုယမျာ အင်အားပြည့်နေစေအာင်လုပ်ဆောင်ပေးနိုင်ပါတယ်။

သင်္ဘောရွက်ကဆေးဖက်ဝင်တယ်ဆိုပေမယ့် တန်ဆေးလွန်ဘေးဆိုသလိုပါ။ လိုအပ်သလောက်ပဲ သုံးဖို့ပြောပါရစေ။ ကိုယ်ဝန်ဆောင်မေမေတွေနဲ့ ရောဂါအခံတစ်ခုခုရှိသူတွေအနေနဲ့ကတော့ မသုံးသင့်ပါဘူး။ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ အသုံးပြုသင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly