ဆီးသွားရင် ဆီးပူနေသလိုမျိုး ခံစားရတာ ဘာကြောင့်လဲ

ဆီးသွားရင် ဆီးပူနေသလိုမျိုး ခံစားရတာ ဘာကြောင့်လဲ

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

ဖြစ်ဖူးကြမှာပါ။ ဆီးသွားတဲ့အခါ ဆီးတွေပုံမှန်ထက်ပူနေတာ၊ ဆီးသွားရင် ကျင်တာ၊ ဆီးသွားရင်နာတာမျိုး အားလုံး ဖြစ်ဖူးကြမှာပါ။ ဆီးသွားရင် နာကျင်တာနဲ့ ပက်သက်တဲ့ ဆောင်းပါးတွေ အများကြီးရေးထားပြီးဖြစ်လို့ ဆီးသွားလိုက်တိုင်း ဆီးတွေ ပူပူကြီးဖြစ်နေတဲ့အကြောင်း ဒီဆောင်းပါးထဲမှာ ပြောပြချင်ပါတယ်။ ။
ဆီးသွားလိုက်လို့ ဆီးပူတာနှစ်မျိုးရှိပါတယ်။

    ဆီးအပူချိန်က ပုံမှန်ထက် ပိုနွေးတာကို ခံစားမိတာ နဲ့
    ဆီးကပူလွန်းလို့ ဆီးသွားတဲ့အခါ နာကျင်တဲ့ ဝေဒနာလိုမျိုး ခံစားရတာဆိုပြီး နှစ်မျိုးရှိပါတယ်။

ပုံမှန်ဆို ဆီးအပူချိန်က ကိုယ်ခန္ဓာ အပူချိန်လောက်ပဲရှိရမှာပါ။ ရေအသောက်နည်းတာတို့၊ ကိုယ်ပူပြီးဖျားနေတာတို့ ၊ ဆောင်းတွင်းတို့မှာဆို ဆီးပူသလိုမျိုးခံစားရတတ်ပေမယ့် ဒါပုံမှန်ပါ။ ဆီးက ပူရုံတင်မဟုတ်ဘဲ ဆီးသွားတဲ့အခါ နာကျင်နေတယ်ဆိုရင်တော့ စိုးရိမ်စရာရှိလာပါပြီ ။
ဆီးသွားတဲ့အခါ ဆီးတွေ ပူနေသလိုမျိုး ခံစားရတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ။
အမျိုးသားရော အမျိုးသမီးရော နှစ်ဦးလုံးမှာ ဖြစ်နို်င်တဲ့ ဆီးပူရခြင်း အကြောင်းအရင်းတွေကတော့
၁ – ဆီးလမ်းကြောင်းပိုးဝင်ခြင်း ။ ။

ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ဆီးပူတာ၊ ဆီးသွားရင်နာကျင်တာကို အများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းပါ။ ဆီးလမ်းကြောင်းပိုးဝင်ခြငး်ကို ဖြစ်စေတဲဲ့ အဓိက တရားခံ ဘက်တီးရီးယားကတော့  E. coli ပဲ ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ လက္ခဏာတွေကတော့

    ဆီးသွားရင်ကျင်တာ
    ဆီးခဏခဏ သွားချင်နေတာ
    ဆီးသွားတာ မဝသလိုခံစားရတာ နဲ့ ပိုဆိုးတဲ့ ကိစ္စတွေမှာတော့
    ဆီးသွားရင် ပုပ်သလို အနံ့ထွက်တာနဲ့
    ဆီးထဲ သွေးပါတာတွေပဲ ဖြစ်ပါတယ်။ ပဋိဇီဝ ပိုးသတ်ဆေးတွေနဲ့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသလို့ရတယ်ဆိုသော်လည်း ပေါ့ဆပြီးသေချာမကုသတဲ့လူတွေမှာ ပိုးက ကျောက်ကပ်အထိပျံ့သွားပြီး ကျောက်ကပ်ပိုးဝင်တာ ပါဖြစ်တတ်ပါတယ်။

၂ – လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါတွေကြောင့် ဆီးပူခြင်း

လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါတွေက မျိုးပွားအဂါင်္တွေနဲ့ ဆီးလမ်းကြောင်းကို ထိခိုက်စေလို့ဆီးသွားရင် ပူတာ ကျင်တာတွေ ဖြစ်စေတတ်ပါတယ်။ ဆီးပူတာနဲ့ ပက်သက်တဲ့ လိင်ဆက်ဆံရာမှ ကူးစက်တဲ့ ရောဂါတွေကတော့ ဆီးပူညောင်းကျရောဂါ နဲ့၊ Chlamydia လို့ခေါ်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။
၃ – ဆီးအိမ်ရောင်ခြင်း

ကိုယ်ပေါ်က တစ်နေရာရာရောင်နေရင် အဲဒီနေရာကို ကိုင်ကြည့်တဲ့အခါ ပူနေတာမျိုး ခံစားရတယ်ဟုတ်။ ဒီလိုပဲ ဆီးအိမ်ရောင်တဲ့အခါ ဆီးအိမ်တွင်းသိုလှောင်ထားတဲ့ ဆီးတွေ ပူနေတာကြောင့် ဆီးသွားတဲ့အခါ ပူတဲ့ ခံစားမှုမျိုးခံစားရမှာပါ။ ဒီစာတွေကို Hello ဆရာဝန် website မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည် ဆီးအိမ်ရောင်တာရဲ့ လက္ခဏာတွေကတော့ ကိုယ်ပူမယ်၊ ချမ်းတုန်ပြီးဖျားမယ်၊ ဗိုက်အောင့်မယ် ၊ ဆီးပူမယ် စတာတွေပဲ ဖြစ်ပါတယ်။
အမျိုးသမီးတွေ မှာဖြစ်တတ်တဲ့ ဆီးပူရတဲ့ အကြောင်းအရင်းတွေကတော့

၁ – ကလေးမွေးပြီးနောက်ပိုင်း မိန်းမကိုယ်ပတ်လည်ပြဲသွားပြီး မိန်းမကိုယ်နားမှာရှိတဲ့ ဆီးလမ်းကြောင်း ပါထိခိုက်ဒဏ်ရာ ရသွားတတ်ပါတယ်။  ဒီစာတွေကို Hello ဆရာဝန် website မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည် ။ဆီးမှာရှိတဲ့ pH ဟာ အက်ဆစ်ဓာတ်ဖြစ်တာကြောင့် ဆီးနဲ့ ဒဏ်ရာနဲ့ သွားတွေ့တဲ့ခါ ဆီးသွားရင် ပူသလိုခံစားရတတ်ပါတယ်။

၂ – မိန်းမကိုယ်ထဲ ပိုးဝင်ခြင်း – မိန်းမကိုယ်ထဲပိုးဝင်ပြီး ရောင်တဲ့အခါ မိန်းမကိုယ်ပတ်လည်မှာရှိတဲ့ ဆီးလမ်းကြောင်းပါ ထိခိုက်သွားပြီး ဆီးသွားတဲ့အခါ ပူပြီး နာကျင်တတ်ပါတယ်။
အမျိုးသားတွေ မှာဖြစ်တတ်တဲ ့ဆီးပူရခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့

ဆီးကျိတ်ရောင်ခြင်း – ဆီးကျိတ်ထဲ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ဆီးကျိတ်ရောင်တဲ့အခါ ဆီးပူတာအပြင် ဆီးသွားရခက်တာ ဆီးသွားရင်နာတာမျိုးတွေ ပါခံစားရတတ်ပါတယ်။

သုတ်ပို့ပြွန်ရောင်ခြင်း – သုတ်ပို့ပြွန်ရောင်တဲ့အခါ သူ့ဘေးမှာရှိတဲ့ ဆီးပြွန်ပါရောင်သွားတဲ့အတွက် ဆီးသွားရင် ပူတာမျိုးခံစားတတ်ပါတယ်။ ဒီစာတွေကို Hello ဆရာဝန် website မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည် ။ သုတ်ပို့ပြွန်ရောင်တဲ့ လက္ခဏာတွေကတော့ ဝှေးစေ့နားမှာ ရောင်နေတာ၊ ကိုယ်ပူတာနဲ့ လိင်တံနာတာတွေ ဖြစ်တတ်ပါတယ်။ ဒီစာတွေကို Hello ဆရာဝန် website မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည် )
ဒါဆို ဒီလို ဆီးပူတာကို ဘယ်လိုကုသရမလဲ ။  ။

ဆီးပူတာကို ကုသတဲ့ နညး်ကတော့ ဆီးပူရခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ရှာပြီး သူတို့ကို အဓိက ကုသဖို့ပဲ ဖြစ်ပါတယ်။ ဒီစာတွေကို Hello ဆရာဝန် website မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည် ဆီးပူရတဲ့ အကြောင်းအရင်းတွေ အများကြီးရှိတဲ့ အတွက် အနာနဲ့ ဆေးတွေ့ဖို့ ဆရာဝန်ဆီသွားပြီး ကုသမှုခံယူတာ အကောင်းဆုံးပါ။  အဓိက အကျဆုံးအချက်ဖြစ်တဲ့ ရေများများသောက်ဖို့ကိုလည်း မမေ့ပါနဲ့ ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly