ကလေးရနိုင်ခြေများစေတဲ့ အစားအစာများ

ကလေးရနိုင်ခြေများစေတဲ့ အစားအစာများ

ရေးသားသူ Dr.Thant Zin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

ယနေ့ အမျိုးသမီးအများစုဟာ ငွေရေးကြေးရေးကိစ္စကို ခိုင်မာအောင် ဦးစားပေး တည်ဆောက်ကြတာမို့ ကိုယ်ဝန်ဆောင်ဖို့ နောက်ကျလာကြပါတယ်။ နောက်ပိုင်းမှာမှ ကလေးရယူလိုခြင်းကို ဦးစားပေးလာကြပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကိုယ်ခန္ဓာဟာ ရည်မှန်းချက်အတိုင်း မလိုက်နိုင်တော့ပါဘူး။ ကိုယ်ဝန်ဆောင်နိုင်ခြေ မြင့်လာစေမယ့် အရာတွေကို အားထုတ်ရမှာ ဖြစ်ပါတယ်။ ကံကောင်းတာက ဒီခေတ်အခါဟာ ကလေးရယူနိုင်ဖို့ အခြေအနေတွေ ဖန်တီးနိုင်စွမ်းများပြားတဲ့ အချိန်အခါပဲ ဖြစ်ပါတယ်။ အာဟာရဓာတ်များပြားတဲ့ သစ်သီးတွေကို နေ့စဉ် စားသောက်မုတွေမှာ ထည့်သွင်း စားသောက်ခြင်းအားဖြင့် စတင်နိုင်ပါတယ်။

သစ်သီးများဟာ ကိုယ်ခံအားကိုသာမက မျိုးဆက်ပွားကျန်းမာရေးကို အထောက်အကူပြုတဲ့ ဗီတာမင်တွေရဲ့ ရင်းမြစ်ပဲ ဖြစ်ပါတယ်။
ထောပတ်သီး

ထောပတ်သီးမှာ မျိုးဆက်ပွားခြင်းကို အားပေးတဲ့ ပြည့်ဝဆီ အများအပြားပါ၀င်တဲ့ အသီးပဲ ဖြစ်ပါတယ်။ ထောပတ်သီးကို များများစားတဲ့ အမျိုးသမီးများဟာ မစားသူတွေထက် ကလေးရနိုင်ခြေ ၃ဆ ပိုများပြားပါတယ်။
နေကြာစေ့

တပတ်ကို သုံးကြိမ်ခန့်စားပါ။ နေကြာစေ့မှာ အရည်အသွေးကောင်းတဲ့ မျိုးဥတွေဖြစ်စေတဲ့ ဟော်မုန်းတွေကို ဟန်ချက်ထိန်းညှိပေးတဲ့ ဇင့်ဓာတ်တွေ အများအပြား ပါ၀င်ပါတယ်။ ဒါ့အပြင် ဆဲလ်များ ဖွံ့ဖြိုးကြီးထွားရာမှာ အလွန်အရေးပါတဲ့ ဖောလစ်အက်ဆစ်ဓာတ်လည်း ပါ၀င်ပါတယ်။ ဖောလစ်အက်ဆစ်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာလည်း အများအပြား လိုအပ်ပါတယ်။
သစ်ကြံပို်းခေါက်

သစ်ကြံပိုးခေါက်မှာ အင်ဆူလင်လျော့ကျစေတဲ့ အစွမ်းရှိပါတယ်။ မျိုးဥကြွေနှုန်းကို မြင့်တက်စေပါတယ်။ နေ့စဉ် စားသောက်စရာတွေမှာ ထည့်သွင်းစားသုံးပါ။
ဥအမျိုးမျိုး

ပရိုတိန်းများပြီး ကာဘိုဟိုက်ဒရိတ်နည်းတဲ့ စားသောက်မုှပုံစံဟာ ပရိုတိန်းနည်းပြီး ကာဘိုဟိုက်ဒရိတ်များတဲ့ စားသောက်မုှပုံစံထက် ကိုယ်ဝန်ဆောင်နိုင်ခြေ ပိုများပါတယ်။ ပရိုတိန်းများများ စားပါ။ ပရိုတိန်းအတွက် အကောင်းဆုံးရင်းမြစ်ကတော့ အမိုင်နိုအက်ဆစ်ပါတဲ့ ဥအမျိုးမျိုးပဲ ဖြစ်ပါတယ်။

Buckwheat

တပတ်မှာ ၃ကြိမ်လောက် ညစာမှာ ထည့်စားပါ။ ခွက်ရဲ့ ၄ပုံ၁ပုံလောက်ချိန်ထည့်ပါ။ အင်ဆူလင်နဲ့ ကျားဟော်မုန်းကို ကျစေပါတယ်။ မျိုးဥကြွေခြင်းကို တိုးမြင့်စေပါတယ်။

သကြားပါ၀င်ပြီး ပုလင်းသွတ်ထားတဲ့ ဖျော်ရည်များ၊ ကဖိန်း၊ ပဲပိစပ် စတာတွေဟာ မျိုးပွားခြင်းစွမ်းရည်ကို ထိခိုက်စေနိုင်ပါတယ်။ အဲ့ဒါတွေကို ရှောင်နိုင်ရင် ကိုယ်ဝန်ရနိုင်ခြေ ပိုများစေပါတယ်။ ဖွံ့ဖြိုးတိုးတက်လာတဲ့ နည်းပညာများ အကူအညီနဲ့ ယနေ့အခါမှာ ကိုယ်ဝန်ရနိုင်ခြေကို မြင့်မားစေနိုင်ပါတယ်။

မျိုးဥကြွေခြင်းကို စောင့်ကြည့်ခြင်း၊ ရာသီစက်ဝန်းကို မှတ်သားခြင်း၊ စိတ်ဖိစီးမုှများ ဖြေလျှော့ခြင်း၊ အရက်ဖြတ်ခြင်း စတာတွေ လုပ်ဆောင်သင့်ပါတယ်။ သဘာဝအတိုင်း ကိုယ်ဝန်ဆောင်ခြင်းဟာ အကောင်းဆုံးပါပဲ။ သက်ရှည်ကျန်းမာခြင်းအတွက် အထောက်အကူ ပြုပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly