လိင်ဆွဲဆောင်မှုရှိတဲ့ နှိပ်နယ်ပေးခြင်း အဆင့်ခြောက်ဆင့်

လိင်ဆွဲဆောင်မှုရှိတဲ့ နှိပ်နယ်ပေးခြင်း အဆင့်ခြောက်ဆင့်

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.


သင့်ချစ်သူနဲ့ ပြန်လည်ဆက်သွယ်ဖို့ ကြိုးစားနေပါသလား။ အခြားရိုးစင်းပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ လိင်ဆွဲဆောင်မှုရှိတဲ့ နှိပ်နယ်မှုတစ်ခုကိုစမ်းသပ်ကြည့်ပါ။ တစ်ခါတလေမှာစုံတွဲတွေဟာ လိင်ဆက်ဆံဖို့အရေးကြီးတဲ့အချက်အချို့ကို aကျာ်သွားတတ်ကြပါတယ်။ ဒါဘာကိုဆိုလိုလဲဆိုတော့ သူတို့ဟာလိင်ဆက်ဆံဖက်ရဲ ့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီးလေးပုံသုံးပုံကိုလျစ်လျူရှုတာဖြစ်ပါတယ်။ လိင်စိတ်ကြွစေတဲ့ နှိပ်နယ်ခြင်းဆိုတာစုံတွဲတွေမှာတိုက်ရိုက်လိင်စိ်တ်မနိုးကြားစေခဲ့ဖူးတဲ့လိင်ဆက်ဆံဖက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုရှာဖွေတွေ့ရှိခြင်းအားဖြင့် အချင်းချင်းစိတ်ကျေနပ်မှု ရရှိစေပါတယ်။ ဒီဆောင်းပါးမှာတော့ လိင်စိတ်ကြွစေတဲ့ နှိပ်နယ်မှုတွေ အကြောင်းကိုတစ်ဆင့်ချင်းစီဖော်ပြသွားမှာ ဖြစ်ပါတယ်။

၁။ သင့်တော်တဲ့ နေရာကိုရွေးချယ်ပါ။

လိင်ဆက်ဆံဖို့အတွက် ပျောပျောင်းတဲ့ ခုတင်ဟာအကောင်းဆုံးဖြစ်ပေမယ့် အကောင်းမွန်ဆုံး နှိပ်နယ်မှုအတွက်နေရာကတော့ တောင့်တင်း၊ ပြားပြီး ငြိမ်သက်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ သင်နေရာပြောင်းလိုက်ရင် သင့်ချစ်သူကိုအနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ။ ပိုပြီးသက်တောင့်သက်သာရှိဖို့အတွက် သင့်ချစ်သူကိုအိပ်ရာအမာ၊   စောင်အပြားလိုက်တွေပေါ်မှာလဲလျောင်းစေပြီးသူ့လည်ပင်း၊ ခြေချင်းဝတ်နဲ့ ဒူးအောက်မှာခေါင်းအုံးတွေ ထားပေးပါ။

၂။ အဆီကိုအသုံးပြုပါ။

သင့်လက်ကို နွေးထွေးပြီးပျော့ပျောင်းအောင် ပြုလုပ်ရုံတင်မက အနှိပ်ဆီဟာပွတ်တိုက်မှုတွေကိုလျော့ကျစေပြီးသင့်ချစ်သူရဲ့ ပင်ပန်းတောင့်တင်းနေတဲ့ ကြွက်သားတွေကို နှိပ်နယ်၊ ပွတ်သပ်ပေးဖို့အသုံးဝင်ပါတယ်။ အနံ့ပါဝင်တဲ့ အဆီတွေဟာသင့်ချစ်သူကိုလိင်စိတ်ပိုမိုပြင်းထန်လာစေသော်လည်းအနံ့ပြင်းတဲ့ အရာတွေဖြစ်တဲ့ သနပ်ပင်ကထုတ်ယူရရှိတဲ့ အမွှေးဆီလိုမျိုးဟာပြောင်းပြန်ရလဒ်ထွက်ပေါ်စေပါတယ်။ အဲဒီအစားစံပါယ်ပန်းလိုမျိုးအနံ့အနည်းငယ်သာရှိတဲ့ အရာကိုအသုံးပြုပြီးပုလင်းကိုရေပူထည့်ထားတဲ့ ပန်းကန်လုံးထဲထည့်ပြီး နွေးထွေးစေပါ။

၃။ အေးချမ်းတဲ့ခံစားမှုတွေ ဖြစ်ပေါ်အောင် ဖန်တီးပါ။

‘ဇာ’ ညအိပ်ဝတ်စုံဟာ သူ့ကိုဆွဲဆောင်နိုင်မှာပါ။ ဒါဟာသင့်နှိပ်နယ်မှုရဲ့ လေးနက်ပြီး ဖြည်းညင်းတဲ့ အာရုံတွေကနေလည်းဆွဲထုတ်သွားနိုင်ပါတယ်။ စိတ်ရှုပ်ထွေးမှုနည်းအောင် သင့်ဆံပင်ကိုအနောက်မှာစည်းထားပြီးသင့်ကိုယ်နဲ့ အတိအင်္ကျီတွေကိုဝတ်ဆင်သင့်ပါတယ်။ ဆိုးဝါးတဲ့ အအေးဓါတ်တွေကိုရှောင်ကြဉ်ဖို့ သူ့ရဲ့ကိုယ်ဗလာကိုစောင်လွှာတွေနဲ့ ဖုန်းလွှမ်းထားပါ။ (သင်နှိပ်နယ်နေတဲ့ နေရာကိုသာချန်ထားပါ။) သီချင်းဖွင့်မယ်ဆိုရင် ဘဲလေးသီချင်း (သို့) ငြိမ့်ညောင်းတဲ့ သီချင်းတွေကိုသာရွေးဖွင့်ပါ။

၄။ နေရာတစ်နေရာ (ဘယ်နေရာကိုမဆိုရွေးချယ်ပါ)။

ခန္ဓာကိုယ်ရဲ့နေရာတစ်ခုတည်းကိုလုံးဝအာရုံစူးစိုက်ထားခြင်းဟာခေါင်းကခြေအဆုံးပွတ်တိုက်ပေးခြင်းထက် ပိုကောင်းတယ်။တကယ်လို ့သူခါးနာနေတယ်ဆိုရင် အဲဒီနေရာကိုအာရုံစိုက်ပါ။ သူ့ခြေထောက်ပွတ်သတ်ခြင်းကို ကြိုက်နှစ်သက်တယ်ဆိုရင် အဲဒီနေရာကိုဆေးလိမ်းပေးပါ။ ဒါမှမဟုတ် သင့်ကိုဘယ်နေရာကို နှိပ်တာပိုကြိုက်သလဲဆိုတာကိုသူ့ကိုသာတိုက်ရိုက်မေးပါ။

၅။အဆင်သင့်ဖြစ်ပါစေ။

ကောင်းမွန်တဲ့ နှိပ်နယ်မှုတစ်ခုပေးဖို့အတွက် အခြေခံကျတဲ့ အရာတွေကိုသိထားသင့်ပါတယ်။

ဖိနှိပ်ခြင်းဟာ ခန္ဓာကိုယ် အစိတ်အပိုင်းအတော်များများအတွက် ကိုင်တွယ်ရလွယ်ကူတဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ လက်တစ်ဖက်ကိုဥပမာသူ့ပုခုံးပေါ်မှာအပြားလိုက်ထားပြီးကျန်တဲ့တစ်ဖက်နဲ့ ဖိပြီးတဖြည်းဖြည်းချင်းလှည့်ပါ။

ပွတ်သပ်ခြင်းဟာ ကြီးမားတဲ့နေရာ (နောက်ကျောနဲ့ ပေါင်) နဲ့ သေးငယ်တဲ့နေရာ (လည်ပင်းနဲ့ ခြေဖျား)တွေအတွက် အကျိုးရှိပါတယ်။ သင့်လက်ချောင်းတွေကိုစုလိုက်ပါ။ လက်မကိုတူညီအောင်ထားပါ။ လက်ဖဝါးတွေကိုသင်လုပ်နေတဲ့ နေရာနဲ့ အပြည့်အဝထိမိအောင် ထားပြီးရှည်လျားညင်သာတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ပါတယ်။ နှလုံးဆီကိုဦးတည်ပြီးသွားနေရင် အားပိုထည့်သင့်ပြီးတော့ ပြောင်းပြန်သွားမယ်ဆိုရင်တော့ အားလျှော့ထည့်သင့်ပါတယ်။

နှိပ်နယ်ခြင်းဟာအသားများတဲ့နေရာတွေဖြစ်တဲ့ လက်မောင်း၊ တင်ပါးနဲ့ ပေါင်တို့အတွက် ကောင်းမွန်ပါတယ်။ သင့်အိမ်ထောင်ဖက်ရဲ့ အရေပြားနဲ့ သင့်လက်ဖဝါးကိုအပြည့်အဝထိကပ်ထားကာသင်နှိပ်ချင်တဲ့နေရာကိုမှာအနည်းငယ်မ၍ ညှစ်ပေးပါ။

အဆီမသုံးဘဲပွတ်ပေးပါ။ထိုသို ့ပြုလုပ်ခြင်းသည်ကြွက်သားတွေကိုပြေလျော့စေပါတယ်။ သင်နှိပ်နေတဲ့နေရာကိုလက်တစ်ဖက်နဲ့ ကိုင်ထားပြီးနောက်တစ်ဖက်နဲ့ ဖိနှိပ်ကာပွတ်သပ်ပါ။ ပုခုံးထိပ်နဲ့ လက်ဖမိုးခြေဖမိုးလိုမျိုးသေးငယ်တဲ့ နေရာတွေအတွက် လက်ထိပ်တွေနဲ့ ပွတ်တိုက်နှိပ်နယ်ပါ။

ဒီနှိပ်နယ်ပုံတွေအကုန်လုံးကိုသင့်ချစ်သူလိုအပ်တဲ့ အပေါ်နဲ့ သူတုန့်ပြန်ပုံပေါ် မူတည်ပြီးကြိုက်တဲ့အစီအစဉ်အတိုင်း ပြုလုပ်နိုင်ပါတယ်။ဒီလွယ်ကူတဲ့ ပုံစံနဲ့ စကြည့်ပါ။ သင့်ချစ်သူကိုမျက်နှာမှောက်ခိုင်းထားပါ။ သူ့ပုခုံးကို နှိပ်နယ်ပါ။ သင့်လက်ထဲကိုအဆီအနည်းငယ်ထည့်ပြီးသူ့နောက်ကျောကိုပွတ်သပ်ပါ။ ထို့နောက် သူ့တင်ပါးနဲ့ ပေါင်တွေကို နှိပ်နယ်ပေးပြီးခြေသလုံးကြွက်သားတွေကိုပွတ်သပ်ပေးပါ။ခြေဖဝါးကိုအနည်းငယ် ပွတ်ပေးပြီးအဆုံးသတ်ပါ။

၆။ ခံစားမှုတွေ ပေါ်မှာအာရုံစိုက်ပါ။

သင့်နှိပ်နယ်မှုဟာလုံးဝပြီးပြည့်စုံဖို့ မလိုအပ်ပါဘူး။ ဒါ့ကြောင့်နှိပ်နည်းတွေနဲ့ ပတ်သက်ပြီးမပူပန်ပါနဲ့။ သင့်တွေ့ထိမှုရဲ့ အရည်အသွေးဟာမှန်အောင်နှိပ်တာထက်ပိုအရေးကြီးပါတယ်။ နှိပ်နယ်ခြင်းဆိုတာဟာစိတ်ခံစားချက်ကိုဖော်ပြခြင်း၊သင့်ချစ်သူကိုရည်ချက်ဖြင့် ထိတွေ့ခြင်းနဲ့ သူ/သူမရဲ့ တုန့်ပြန်မှုတွေကိုအလေးထားခြင်းပဲဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly